အခန်း ၂၃ ( System မရှိတော့ဘူး !! )

1K 124 6
                                    

Unicode

ကမ္ဘာပျက်ကပ်မတိုင်ခင် ပြန်လည်မွေးဖွား
ဘာသာပြန်စာရေးသူ - Violet M
အခန်း 23 System မရှိတော့ဘူး

ရီဝေဝေဖြစ်နေတဲ့ ဖူချန်ချန် ဟာ စကားများ ရန်ဖြစ်သံများကို ယောင်ဝါးဝါးကြားလိုက်ရတယ်
မကြာခင်မှာပဲ ပြစ်ဒဏ်ဟာ ပြီးဆုံးသွားသော်လည်း သူမစိတ်မပူပဲ မနေနိုင်ပေ

သူမသည် တင်းကြပ်စွာဖြင့်  နာကျင်မှုလှိုင်းလုံးများက နုနယ်သော
အာရုံကြောများဆီသို့ ရောက်လာတာကို ခံစားလိုက်ရသည်
ပြင်းထန်သော လှုံ့ဆော်မှုကြောင့် သူမ၏ နဖူးမှ ချွေးများ ယိုစီးကျလာပြီး
လီမင်ဟန် ၏ ကော်လံ ပေါ်သို့ ကျလာတယ်

ဖူချန်ချန် ၏အသွင်အပြင်ကိုမြင်ရသောအခါ လီမင်ဟန် သည် သူ၏နှလုံးကို
ကြီးမားတဲ့ လက် ဖြင့် တင်းတင်းကြပ်ကြပ်ဆုပ်ထားသလိုမျိုး
နာကျင်ခံစားရပြီး သူ့အား အသက်ရှူဖို့ပင်  ခက်ခဲသွားစေပါတယ်

အချိန်အနည်းငယ်ကုန်သွားသောအခါ လီမင်ဟန် သည် အခြားသူများကို အရင်အနားယူစေချင်သော်လည်း ချောင်ရှစ်ချီ ၏မျက်လုံးများကို
အမှတ်မထင်တွေ့လိုက်တဲ့အခါ အံ့အားသင့်သွားပြီး သူ့အမူအရာမှာ
အနည်းငယ်ဝမ်းနည်းသွားပြီး လေးနက်စွာ ခေါင်းညိတ်ပြလိုက်ပါတယ်...

ချောင်ရှစ်ချီ သည် လီမင်ဟန် ၏အမူအရာကိုမြင်လိုက်တဲ့အချိန်မှာ
သူ၏ လေးနက်သောမျက်နှာပေါ်တွင် နူးညံ့သောအပြုံးတစ်ခုပေါ်လာပါတယ်
ထိုအပြုံးတွင် မာနအချို့  နှင့် ခြေရာခံလို့ မရတဲ့ သက်သာရာရတဲ့ အရိပ်အယောင်တွေရှိနေပုံရတယ် ...

ဘေးက ဝမ်ရီ ဟာ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ကြည့်ပြီး
သူ့ပါးစပ်ထောင့်က အဓိပ္ပါယ်ရှိတဲ့ အကွေ့အကောက်တစ်ခု ပေါ်လာတယ်.
လီမင်ဟန် သည် ဖူချန်ချန် ကို ယုယန် အား ပြုစုဖို့ ပေးခါနီးတွင်
ဖူချန်ချန် ၏ မျက်နှာသည် အလွန်တိုးတက်ပုံပေါက်သည်ကို တွေ့လိုက်ရတယ်...

သူ၏လှုပ်ရှားမှုများသည် ရုတ်ခြည်းရပ်တန့်သွားပြီး သူသည်  မျက်တောင်မခတ်ဘဲ
ဖူချန်ချန် ကို စိုက်ကြည့်နေသည်
သူမ၏ မျက်လုံးထောင့်များမှ မျက်ရည်အချို့ တွဲလောင်းကျနေကာ
သူမ၏ မျက်တောင်များဟာ  ညင်သာစွာ လှုပ်ယမ်းပြီး  ပွတ်ဆွဲဖွင့်လိုက်သည်
သူမ၏ ပယင်းမျက်လုံးများဟာ  အမှောင်ထဲမှာ ရေစိုပြီး လှပနေလေတယ် ...

ကမ္ဘာပျက်ကပ် ( Rebirth ;  System 233 )Where stories live. Discover now