V [R 18+] (Unicode)

16K 799 251
                                    

Trigger Warnings:  Rape, Violence, Physical / Verbal Abuse

Pete

လှုပ်ရှားမှုသေးသေးလေးနဲ့တောင် ငါ့ရဲ့အောက်ပိုင်းခန္ဓာကိုယ်က နာကျင်မှုက ငါ့တစ်ကိုယ်လုံးတစ်စစီဖြစ်သွားတော့မယောင်ပဲ။ ကွဲပြဲရှရာတွေက ငါ့ရဲ့တစ်ကိုယ်လုံးနီးပါးမှာ တံဆိပ်ခတ်ထားတယ်။ အိပ်မက်ဆိုးကြီးထဲကနေ ခပ်ဖြေးဖြေးမျက်လုံးဖွင့်ရင်း နိုးထဖို့ကြိုးစားကြည့်တော့ ဝေဝါးနေတဲ့အမြင်အာရုံထဲ မြင်လိုက်ရတာက အနက်ရောင်လိုက်ကာတွေကြား ထိုးထွက်လာနေတဲ့အလင်းစတွေ။ ဖြစ်ပျက်ပြီးသမျှအရာအားလုံးကို ငါ့မှတ်ဉာဏ်ထဲ ပြန်ခေါ်ကြည့်တော့လဲ ဝေဒနာတွေပိုလာရုံပဲရှိခဲ့တယ်။ ကျေးဇူးပြုပြီး...အဲဒါ အမှန်မဟုတ်ပါစေနဲ့။ အိပ်မက်တစ်ခုပဲဖြစ်ပါစေ...။ အဲ့လိုပဲဖြစ်ပေးပါ ကျေးဇူးပြုပြီး...။

ဒီအိမ်ထဲခိုးဝင်လာတဲ့ ငါ့ရဲ့ပုံရိပ်။

သူတို့လက်ထဲအမိခံလိုက်ရတဲ့ ငါ့ရဲ့ပုံရိပ်။

သူတို့ကို ပြန်ခုခံနေတဲ့ ငါ့ရဲ့ပုံရိပ်။

နောက်ပြီး ... ....

လူတစ်ယောက်ထဲရဲ့မျက်နှာပဲပါတဲ့ပုံရိပ်တွေက ငါ့ရဲ့နောက်ပိုင်းမှတ်ဉာဏ်တွေထဲ ပြန်ဝင်လာတယ်။ ပိုပြီးမှတ်မိလာလေလေ ၊ အဲဒီလူရဲ့မျက်နှာကို ပိုပြီးတွေးမိလေလေပဲ။ ငါ့ရဲ့နာကျင်ခံစားရမှုတွေ ဆတိုးပွားသွားတယ်။

ဗလာကျင်းနေတဲ့ခန္ဓာကိုယ်အောက်ပိုင်းဘက်ကရလာတဲ့ စူးအောင့်အောင့်နာကျင်မှုကြောင့် ငါ အံကြိတ်ထားရင်း မျက်လုံးတွေကို ဖိမှိတ်လိုက်မိတယ်။ ကိုယ်ကိုထိန်းပြီး ထထိုင်လိုက်ဖို့ကြိုးစားကြည့်ပေမဲ​့ သားရေခါးပတ်ကြိုးနဲ့အချည်ခံထားရတဲ့ ငါ့လက်တွေကြောင့် ကြိုးစားမှုက အချည်းနှီးပဲ။ ငါ့ကြွက်သားတွေဆီက နာကျင်မှုကို ခံစားနေရတယ်။ အချည်ခံထားရတဲ့ လက်တွေကို ရုန်းကန်ကြည့်တော့ ဒဏ်ရာပိုလာရုံအပြင် အကျိုးရှိမလာခဲ့ဘူး။

" နိုးပြီလား? "

အိပ်ခန်းထဲဝင်လာတဲ့ ရင်းနှီးတဲ့အသံတစ်ခုကြောင့် ငါအထိတ်တလန့် တုန်လှုပ်သွားမိတယ်။

ဗီးဂတ်စ်×ဖစ် ( Side Story )Donde viven las historias. Descúbrelo ahora