Warning: Implied mature content in some parts
Pete
" ငါ...ငါ နှုတ်ဆက်ခြင်းတွေကို မကြိုက်ဘူး "
Vegasပြောလာတော့ ငါ ခေါင်းကို ဒေါသတကြီးခါယမ်းပစ်လိုက်တယ်။ သေလိုက်ပါတော့! ငါ ဘာတွေပြောမိသွားတာလဲ?! သူ့အမေဆုံးတာရော ၊ သူ့ကိုထိန်းခဲ့တဲ့ဦးလေးက သူ့ကိုထားခဲ့တာရောကို ငါ့ခဏမေ့သွားမိတာ။ ေလာကကြီးမှာ တစ်ယောက်တည်း ဘယ်လောက်တောင်အထီးကျန်ရကြောင်း သူ ခဏခဏပြောနေကျပဲ။ မင်းစကားတွေကို ပြန်ရုတ်သိမ်းစမ်း, Pete!
" သေကွဲပဲဖြစ်ဖြစ် ရှင်ကွဲပဲဖြစ်ဖြစ်, ငါ မကြိုက်ဘူး။ ငါ့အမေဆုံးသွားတယ် ၊ ငါ့ကိုထိန်းခဲ့တဲ့ဦးလေးက ငါ့ဘဝထဲကနေထွက်သွားတယ်။ အခုတော့ ငါ သူတို့ကိုဘယ်လောက်ပဲသတိရနေပစေ သူတို့က ငါ့ဆီပြန်မလာနိုင်တော့ဘူးလေ " သူ ဆက်ပြောလာတယ်။
သူပြောတာအမှန်တွေပါပဲ။ Vegasကတော့ အမြဲတမ်း ဒီVegasပဲဖြစ်နေမှာပဲ။ ပြောင်းလဲသွားမှာမဟုတ်ဘူး။ သူ့နှလုံးသားထဲမှာ အမြဲလိုလိုခံစားချက်ပေါင်းစုံပြွတ်သိပ်နေတာ။ အပြင်ပန်းမှာ ဘယ်လောက်ပဲပြုံးနေရယ်နေပစေ...အတွင်းပိုင်းမှာတော့ ခန့်မှန်းရခက်တဲ့ စိတ်အခြေအနေတွေတစ်ပုံကြီးရယ်။
" ဘာပဲဖြစ်ဖြစ် အဆုံးသတ်မှာတော့ ဖြစ်ပြီးသမျှကိုလက်ခံလိုက်ရုံအပြင် ဘာမှမရှိဘူးလေ, Vegas။ အတိတ်တွေထဲမှာပိတ်မိနေသ၍တော့ မင်း ဘယ်လိုမှရှေ့ဆက်လျှောက်နိုင်မှာမဟုတ်ဘူး။ ဆရာလုပ်တာတော့မဟုတ်ပေမဲ့...အကယ်၍လောကကြီးရဲ့နိယာမတရားတွေကိုသာ လက်ခံနိုင်မယ်ဆိုရင်, မင်းရဲ့ဘဝကြီးကပိုပျော်ဖို့ကောင်းလာလိမ့်မှာ "
လောလောဆယ်မှာ တစ်ဖက်လူရဲ့စိတ်အခြေအနေပြန်အဆင်ပြေသွားဖို့ ဘယ်လိုစကားလုံးမျိုးကိုမဆို ငါ ေပြာပြပေးလိုက်ဖို့အသင့်ပဲ။ ဘာလို့လဲဆိုတာ သေချာမသိပေမဲ့, သူ စိတ်အခြေအနေမကောင်းရင် ငါ့ကိုတစ်ခုခုလုပ်လာမှာကြောက်လို့ပဲဖြစ်ပါလိမ့်မယ်။
" အမှန်အတိုင်းပြောရရင် ဆုံးသွားတဲ့လူရဲ့ဓာတ်ပုံကိုမြင်မြင်ချင်း ငါ ရယ်မိသွားတာ...ဒါပေမဲ့ အဲဒါသာအမှန်ဖြစ်သွားရင်ဆိုပြီး တွေးမိလိုက်တော့, အဲဒါကို ငါ တကယ်လက်ခံနိုင်လိမ့်မှာမဟုတ်ဘူး "