Trigger Warnings: Rape, Violence, Physical / Verbal Abuse
Pete
အချိန်တွေဘယ်လောက်ကြာသွားမှန်းတောင် ငါမသိလိုက်ဘူး။ Vegasက ကျောင်းယူနီဖောင်းလဲတဲ့တစ်ကြိမ်ပဲ အခန်းထဲထပ်ဝင်လာတာ။ ပြီးတာနဲ့ လွယ်အိတ်ဆွဲပြီး ထွက်သွားတယ်။
" ငါ့ကိုလွှတ်ပေး! Vegas! "
ငါ ဘယ်လောက်အော်အော် သူငါ့ကိုတစ်ချက်တောင် လှည့်ကြည့်မသွားဘူး။
ငါ့ရဲ့လွတ်နေတဲ့ခြေထောက်နဲ့ မှီရာတွေအကုန် ကန်ကျောက်ပစ်လိုက်တယ်။ လက်ကလဲ ဘယ်လောက်ရုန်းရုန်း အရာဝင်မယ့်ပုံမပေါ်ဘူး။ ငါ တကယ်ပင်ပန်းနေပြီ။ တကယ်ဆို ငါ့ရဲ့ခုခံအားတွေက အခုထိ နဂိုအတိုင်း အပြည့်ပြန်ရမလာသေးဘူး။ ဒီကြားထဲ တောက်လျှောက် နိုင်ထက်စီးနင်း အလုပ်ခံရသေးတယ်။ အခုတော့ ဒဏ်ရာတွေပရပွနဲ့ သေရမယ့်လူက သူမဟုတ်ဘဲ ငါဖြစ်တော့မလိုပဲ။
ကျွီ~
ဘေးဆွဲမှန်တံခါးချပ်ဆီက အသံကြောင့် မော့ကြည့်လိုက်မိတော့ လူတစ်ယောက် ထမင်းပန်းကန်တွေတင်ထားတဲ့ ဗန်းတစ်ချပ်ကိုကိုင်ရင်း အထဲဝင်လာတာကို တွေ့လိုက်ရတယ်။ အဲဒီလူကို ငါသေချာသိတာပေါ့။
" Nop...ငါ့ကို ကယ်ပါဦး! "
သူ အထဲရောက်လာတာနဲ့တစ်ပြိုင်နက် ငါသူ့ဆီလှမ်းပြောလိုက်တယ်။ Nopက first familyရဲ့ bodyguardဟောင်းတစ်ယောက်ပဲ။
" ကယ်ပါ! "
အချင်းချင်း သိပ်ကြည့်မရခဲ့ပေမဲ့လဲ အဲဒီတုန်းကနေ အခုချိန်အထိ သူနဲ့ငါ့ကြားမှာ ပြဿနာဖြစ်တာမျိုးတော့ မရှိခဲ့ဖူးဘူး။ ဒါကြောင့် ဒီအခြေအနေမှာ သူငါ့ကို နည်းနည်းဖြစ်ဖြစ်တော့ သနားပေးလောက်မယ်မဟုတ်လား?!
" ထမင်းစားလိုက်ဦး "
Nopက သူယူလာတဲ့ဗန်းကို ခုတင်ဘေးစားပွဲပေါ်တင်လိုက်ရင်းကနေ ပြောလာတော့ ငါသူ့ကို အကူအညီတောင်းနေတဲ့အကြည့်တွေနဲ့ လှမ်းကြည့်လိုက်တယ်။
" Nop, ငါ့ကိုလွှတ်ပေးပါ! ကျေးဇူးပြုပြီး ငါ့ကိုကယ်ပါဦး! "
သူ ငါ့ကိုလှည့်ကြည့်လာတယ်။