< အရှေ့ပိုင်းမှာပြောပြထားတာကို ပြန်ဆက်ဖို့လိုလာပြီမို့ ပြန်ဆက်ပါ့မယ်။ main storyအရ bodyguardတွေကို holidayပေးထားတဲ့ရက်ပြီးသွားမှ Peteပျောက်နေမှန်းကို Kinnနဲ့ Porscheတို့ အတည်ပြုနိုင်သွားပါတယ်။ ဒါပေမဲ့ အချိန်ကိုက်ပဲ P'Chanဆီကနေ ဖုန်းဝင်လာတယ်။ မီးလောင်ထားတဲ့အလောင်းတစ်ခုတွေ့တဲ့အကြောင်းရယ်။ အလောင်းပေါ်မှာ first familyရဲ့ bodyguardရင်ထိုးတံဆိပ်ပါနေတယ်ဆိုတဲ့အကြောင်းရယ်။ အလောင်းကိုစစ်ဖို့ ဆေးရုံအထိလိုက်သွားကြသေးပေမဲ့ မီးလောင်ထားတာက တော်တော်ပြင်းတော့ အသားစတွေက တော်တော်များများပျက်စီးနေပြီ။ ဒါကြောင့် DNAလိုချင်တယ်ဆိုရင် ရက်တော်တော်ကြာ ထပ်စောင့်ရမယ်လို့ဆေးရုံကပြောတယ်။ ဒါပေမဲ့ အသက်အရွယ်ခန့်မှန်းချက် ၊ အရပ်အမောင်းခန့်မှန်းချက်တွေက Peteနဲ့အကုန်ကိုက်ညီနေတဲ့အပြင် ဘယ်ဘက်လက်ခလယ်မှာ လက်စွပ်ဝတ်ထားတယ်ဆိုတာရောကြောင့် အားလုံးက အဲဒီအလောင်းကို Peteလို့ ယူဆလိုက်ကြပါတယ်။ အလောင်းအတွက် ဈာပနအခမ်းအနားကို Tankhunဦးဆောင်ပြီး ကြီးကြီးကျယ်ကျယ်လုပ်ပေးနေတဲ့အတောအတွင်း Kinnကတော့ second familyက Peteကို ဒီလိုလုပ်လိုက်တဲ့အပေါ် ခိုင်မာတဲ့သက်သေတွေရှာနေခဲ့တာပါ။ ဈာပနနေ့မှာ Vegasတို့သားအဖတွေ အကုန်လာတက်ကြပါတယ်။ Vegasက အလောင်းဘေးမှာ Peteနာမည်ရေးထားတာမြင်တော့ ခိုးရယ်မိသွားတယ်။ အဲဒါကို Porscheကမြင်ပြီး ပြေးထိုးပါတယ်။ ဒါတင်မကသေးဘဲ Tankhunကပါ စွပ်ပြုတ်ပန်းကန်ကြီးဆွဲလာပြီး Vegasရဲ့ခေါင်းပေါ် လောင်းချတော့မလို့ပါ။ ဒါပေမဲ့ ဟိုကမြန်မြန်ရှောင်လိုက်နိုင်တော့ စွပ်ပြုတ်တွေက ခေါင်းပေါ်မကျဘဲ ၊ ပခုံးပေါ်ပဲကျသွားလို့ အက်ျီတွေတော့အကုန်ပေပွကုန်ပါတယ် >
Warning: Mature content ahead
Pete
[ ဈာပနနေ့... ]
ဟက်ချိုး!
ဟက်...ဟက်...ဟက်ချိုး!
" အင်း! "
ငါ မနက်ထဲက တောက်လျှောက်နှာချေနေတာ နှာခေါင်းတွေတောင်နီရဲနေပြီ။ နောက်ပြီး တရွှတ်ရွှတ်ဖြစ်နေတဲ့နှာရည်တွေကို လက်နဲ့ပွတ်သုတ်ရလွန်းလို့ နှာခေါင်းထိပ်တွေလဲ ပူနေပြီး ၊ ခေါင်းပါ နောက်ချင်ချင်ဖြစ်နေပြီ။