Trigger Warnings: Rape attempt at the beginning
Pete
" မင်း...မင်းကိုပဲ "
ငါ မျက်လုံးတွေကို ဖိမှိတ်ထားရင်း ပြန်ဖြေလိုက်တယ်။
တကယ်တော့ ငါ အဲ့လိုမျိုးတကယ်လိုချင်နေတာမဟုတ်ဘူး။ ဒီကနေ ထွက်ပြေးလိုက်ချင်တာ။ ဒါပေမဲ့ Vegasပြောခဲ့တဲ့စကားကြောင့် သူ့ကို ငါ့အပေါ် ဆိုးရွားတဲ့အရာတွေ လုပ်ခွင့်ပြုပေးလိုက်ဖို့အပြင် တခြားရွေးချယ်စရာမရှိတော့ဘူးပဲ။
သူ့မျက်လုံးတွေက မုဆိုးတစ်ယောက်ရဲ့မျက်လုံးတွေလိုပဲ။ လှောင်သယောင်အကြည့်တွေက ငါ့ကို သူ့ရဲ့သားကောင်အဖြစ် သိမ်းသွင်းလိုက်နိုင်တဲ့အပေါ် အားရကျေနပ်နေမှန်း သိသာတဲ့သက်သေပေါ့။ သူ့နှုတ်ခမ်းတွေ မဲ့ပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီးနောက် သူ့ရဲ့ခေါင်းက ငါ့လည်တိုင်နားဆီ တိုးဝင်လာတယ်။ ငါ မျက်လုံးတွေမှိတ်ထားရင်းကနေ တစ်ကိုယ်လုံးတောင့်ခဲသွားမိတယ်။ Vegasက သူ့နှုတ်ခမ်းတွေကို ငါ့ရဲ့အပေါ်ပိုင်းခန္ဓာကိုယ်အနှ့ံ ပြေးလွှားစေလိုက်တော့ ငါ တစ်ကိုယ်လုံး ကြက်သီးတွေ ထ လာတယ်။ ငါ့ကိုယ်ငါ ဒီညစ်ညမ်းတဲ့ခန္ဓာကိုယ်ကြီးနဲ့ အသက်ဆက်ရှင်နေမှာလား ၊ သေပစ်လိုက်မှာလား ဆိုတဲ့အပေါ် ဝေခွဲမရဖြစ်လာတယ်။
" ေတာ်တယ်...ရိုးရိုးလေးပဲလေ တွေ့လား "
Vegasက ငါ့ရဲ့နားရွက်ဆီ တတိတိ ဖွဖွကိုက်ရင်း ပြောလာတယ်။ အဲဒီတီးတိုးစကားသံက ငါ့ရဲ့ကျောရိုးတစ်လျှောက်လုံးကို ဖျင်းခနဲဖြစ်သွားစေတယ်။ ဆက်ပြီးရလာတော့မယ့်နာကျင်မှုတွေကို တွေးကြည့်လိုက်မိတော့ ငါ ခက်ခက်ခဲခဲနဲ့ တံတွေးမျိုချလိုက်မိတယ်။
" ငါ့ကိုလွှတ်... "
ကူကယ်ရာမဲ့နေပေမဲ့လဲ သူ့လုပ်ရပ်တွေ ရပ်လိုရပ်ငြား ဒီစကားကိုတော့ ငါ ပြောမိနေတုန်းပဲ။ ငါ ပြန်ခုခံပစ်လိုက်ချင်တယ် ၊ ခန္ဓာကိုယ်က ခွန်အားတွေမှန်သမျှကိုသုံးပြီး ရုန်းကန်ပစ်ချင်တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်လိုက်မိရင် Vegasက ထုံးစံအတိုင်း ငါ့ကို ပိုပြီးအနာတရဖြစ်အောင် လုပ်လိမ့်မှာ။