Pete
ငါ ဘာဆက်လုပ်ရပါ့?
ခေါင်းထဲ ဘာဆိုဘာမှပေါ်မလာဘူး!
ကြံရာမရတဲ့အဆုံး ငါခေါင်းကိုခါယမ်းပစ်လိုက်တယ်။ ငါ့ဘဝကြီးကလဲ နားချိန်မရှိ ၊ ကူကယ်ရာမရှိနဲ့ တစ်နေ့တခြားပိုပိုပြီး ရှုတ်ယှက်ခတ်လာပါရောလား။ အိမ်ကိုပြန်ရောက်လာတော့လဲ အခြေအနေကပိုတောင်ဆိုးနေသေးတယ်။ ငါ ဘာလို့များ ဒီလောက်တောင်တုံးရတာလဲ? ဂရုမထားမိဘဲ အမှားထပ်လုပ်ခဲ့မိပြန်ပြီ...သေလိုက်ပါတော့လားကွာ!" အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်နဲ့ အဲဒါဘာဖြစ်နေတာလဲ? " Armက ရှုတ်ထွေးနေဟန်မျက်နှာထားနဲ့ ငါ့ကိုလှမ်းမေးတယ်။
" ငါ စိတ်ညစ်နေတယ် "
ခါးထောက်လိုက်ရင်းကနေ ငါ သူ့ဆီပြန်ဖြေလိုက်တယ်။ ငါ မျက်ခုံးတွေကို တွန့်ချိုးထားမိတယ်။ တကယ်ဆို နားထင်သွေးကြောတွေ တဒိန်းဒိန်းဖြစ်နေတာကိုတောင် ငါခံစားမိနေတာ။ ငါ အဲ့လိုဖြစ်နေတာ ရက်အတော်ကြာနေပြီ။ အဲဒီအတိုင်းသာ ဆက်ဖြစ်နေရင် ငါ့ဦးနှောက်သွေးကြောတွေ ပေါက်ကွဲထွက်ကုန်တော့မှာ အသေအချာပဲ။
" ဘာတွေအဲ့လောက်စိတ်ညစ်စရာရှိလို့လဲ? "
ထမင်းပန်းကန်ကိုင်ပြီး အနားရောက်လာတဲ့ တခြား bodyguardတစ်ယောက်ကလဲ ပန်းကန်ကို စားပွဲပေါ်ချလိုက်ပြီး ငါ့ကို အထူးတဆန်းကြည့်လာတယ်။
" Arm! "
ထိုင်ခုံတစ်ခုဆွဲပြီး Armအနား တိုးထိုင်လိုက်တော့ တစ်ဖက်က ဘာလဲဆိုတဲ့အထာနဲ့ မျက်ခုံးတစ်ဖက်ပင့်ပြတယ်။
" မင်း ငါ့အစား Khun Vegasကို နောက်ယောင်ခံလိုက်ပေးပါလား? "
ဒါ ငါ အတည်မေးလိုက်တာ။
" ဘာလား? ငါက ဘာလို့လဲ? Pete မင်း ဒါပဲလိုက်ပြောနေတာ နှစ်ရက်တိတိရှိပြီနော် "
Armက လက်ထဲက ကော်ဖီခွက်ကို စားပွဲပေါ်ချ ၊ ကျကျနနလက်ပိုက်ရက်သားအနေအထားနဲ့ ငါ့ကိုလှမ်းကြည့်တယ်။
" သေလိုက်ပါတော့ကွာ "
ငါ ခေါင်းကိုခပ်သွက်သွက်ခါပစ်လိုက်တယ်။ သူတို့နှစ်ယောက်သားကတော့ နားလည်ရခက်တဲ့ငါ့ရဲ့အမူအရာကို ကြောင်အအနဲ့ ကြည့်နေကြတုန်းပဲ။