Vol ; 1 Chapter (6)

3.4K 305 4
                                    

(Uni code)

Chapter - 6

ကောင်းနိုင်ငံသည် မင်အင်ပါယာ၏ တောင်ဘက်အပိုင်း၌ တည်ရှိပြီး မင်အင်ပါယာနှင့်ဆိုလျှင် လီပေါင်း တစ်ထောင်ခန့် ဝေးသည်။ ဒဏ္ဍာရီလာ နတ်မြင်းဖြင့်ပင် ရှန်ဖေးတို့ လူစုက သုံးရက်ခန့် သွားလာရသည်။ နေလုံးနီနီသည် အရှေ့ မိုးကုတ်စက်ဝိုင်းမှ တရွေ့ရွေ့ တက်လာသည့်အခါ နယ်မြေအားလုံးက လင်းချင်းသွားလေ၏။ စစ်သည်တစ်ဦးသည် အရှေ့၌ ဘွားကနဲ ပေါ်ထွက်လာသည့် တောင်တန်းကို မြင်သည့်အခါ နှစ်လိုစွာပြုံးလိုက်ပြီး...

" ဒီတောင်တန်းကို ကျော်ရင် မြင်ရမဲ့ နိုင်ငံက ကောင်းနိုင်ငံပါပဲ "

" အရှင် အရှေ့က တောင်တန်းကို ကျော်ရင် ကောင်းနိုင်ငံကို ရောက်ပြီတဲ့ "

မှေးစက်ပျော်နေသည့် အချိန်တွင် ဟွား၏ အသံက ထွက်ပေါ်လာသည်။ ထိုအခါ ရှန်ဖေးက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး...

" ဝမ်ကျောက်ယွီကို မေးလိုက်ပါ မြင်းတွေရော လူတွေကို မပန်းသေးဘူးဆိုရင် ကောင်းနိူင်ငံကို ရောက်မှ အနားယူကြမယ်လို့ "

ဟွားက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဝေါယာဥ်ထဲမှ ထွက်ခွာသွားပြီး ဝမ်ကျောက်ယွိဆီသို့ ဦးတည်လိုက်၏။ ဟွားထွက်ခွာသွားသည့် အခါ မုန့်က လက်ဖက်ရည်ကို စပ်လိုက်ပြီး...

" အရှင် ဒါက စိတ်ကြည်လင်ခြင်း လက်ဖက်ရည်ပါ၊ ဒီလက်ဖက်ရည်ကို နံနက်ခင်းမှာ သောက်သင့်ပြီး စိတ်ကိုကြည်လင် ရွှင်ပြစေပါတယ် "

" အင်း ကောင်းပြီ မုန့်မုန့် ချထားလိုက်ပါ "

မုန့်က ခေါင်းညိတ်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ခုံပေါ်၌ တင်ထားလိုက်သည်။ ရှန်ဖေးကတော့ ဝေါယာဥ်၏ ပြတင်းတံခါးကို ဖွင့်လိုက်ပြီး အပြင်ဘက်မှ နံနက်ခင်းအလှကို ငေးကြည့်လိုက်သည်။ အမှန် အတိုင်း ပြောရလျှင် ရှန်ဖေးက ယခုအချိန်အထိ သူ၏ ပြန်လည်ရှင်သန်မှုနှင့် အင်ပါယာတစ်ပါး၏ ကိုယ်ထဲသို့ ရောက်ရှိနေခြင်းကို လက်ခံ ယုံကြည် ရဲခြင်း မရှိသေးချေ။

" သခင်လေးဝမ်ကို ဟွားဟွားက နှုတ်ဆက်ပါတယ်၊ အရှင်က လူရောမြင်းရော မပန်းသေးဘူးဆိုရင် ကျောင်းနိုင်ငံရောက်မှ အနားယူကြဖို့အတွက် ပြောလိုက်ပါတယ် "

The Resurrected Emperor (Complete - Bl)Where stories live. Discover now