(unicode)
Chapter - 45
ရှီးမာအင်ပါယာ၏ တော်ဝင် မြို့တော် အတွင်းတွင် ဝမ်ကျောက်ယွီက နန်းဆောင်တစ်ခု အတွင်း၌ ရှိနေသည်။ သူက ယခုအခါ၌ အင်ပါယာ၏ မြင့်မြတ်လှစွာသော တော်ဝင် ကိုယ်လုပ်တော် အဖြစ်သို့ အတိအကျ ရာထူးပေးအပ်ခြင်း ခံခဲ့ရသည်။
အင်ပါယာ ရှီးမာသည် သူ့အား မြင်မြင်းချင်း သဘောကျ နှစ်သက်ခဲ့သည်။ ထို့အတွက် သူက ယခုအခါတွင် နန်းဆောင်တစ်ခုကို အပိုင်စား ရ၍ အင်ပါယာ၏ အထူး ကိုယ်လုပ်တော်ဟူသော ရာထူးနှင့်အတူ ရှီးမာအင်ပါယာ၌ နေရာတစ်ခု ရခဲ့သည်။ သို့ပေမဲ့ ထိုအရာက ဝမ်ကျောက်ယွီကို မပျော်ရွှင်နိုင်ပေ။
အဘယ့်ကြောင့်ဆိုသော် သူ၏ ဖြူစင်မှုက ရှီးမာအင်ပါယာ၏ အောက်၌ ညစ်ထေးရတော့မည်ကို သိသောကြောင့်ပင်။ တကယ်တော့ သူက အင်ပါယာ မင်ထျန်းလော့အား လက်စားချေချင်သည့်စိတ် တစ်ခုတည်းနှင့်သာ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ ယခုတော့ သူ၏ ဖြူစင်မှုက သူမနှစ်သက်သော လူတစ်ယောက်ကြောင့် ညစ်ထေးသွားရ ပေတော့မည်။ ထိုအရာကို ပြန်တွေးလိုက်သည့် အခါတိုင်း သူက ရှောင်ဝမ်မေ့အပေါ်၌ ပို၍ ပိုစွာ မုန်းတီး၍ လာခဲ့လေသည်။
ယခင်က စိုက်ပျိုးခဲ့သော အမုန်းပင်သည် ယခုအခါ၌ အမြစ်တွယ်ကာ ကြီးထွား၍ လာခဲ့ပေပြီ။ ဝမ်ကျောက်ယွီ၏ ခန္ဓာကိုယ်၌ ယခုအခါတွင် တောက်ပသော တော်ဝင်ကိုယ်လုပ်တော် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက လည်ပင်းတွင် တောက်ပသော အဆင်တန်ဆာကို ဆင်မြန်းလိုက်ပြီး နောက်တွင် သူ၏ မျက်နှာက တင်းမာခက်ထန်၍ သွားလေတော့၏။
ယွဲ့ကုန်းကုန်းသည် သူ့အား အင်ပါယာနှင့် အနီးဆုံး နေရာသို့ ပို့ခဲ့သည်။ ယခုသူက အင်ပါယာ၏ အနီးဆုံး၌ ရှိနေသော်လည်း သူလိုချင်သည့် ပုံစံမျိုးနှင့်တော့ မဟုတ်ပေ။ ယခု သူက သူ၏ နန်းဆောင်ထဲတွင် ရှိနေစဥ်၌ အပြင်မှ လှုပ်ရှားသံများကြောင့် ခါးကို ဆန့်လိုက်သည်။
" တော်ဝင်ကိုယ်လုပ်တော်ကို အကြောင်းကြားပါတယ်၊ ဒီညမှာ အင်ပါယာက ကိုယ်လုပ်တော်ရဲ့ နန်းဆောင်ကို အဆောင်တော်ကူးပြီး ကိုယ်လုပ်တော်နှင့်အတူ အိပ်စက်မဲ့အကြောင်း သတင်းပါးလိုက်ပါတယ် "
![](https://img.wattpad.com/cover/311693733-288-k208320.jpg)
YOU ARE READING
The Resurrected Emperor (Complete - Bl)
Fantasia(Uni Code) သာမန်လူတစ်ယောက်က အင်ပါယာတစ်ပါးရဲ့ ခန္ဓာကိုယ်ထဲ ကူးပြောင်း ဝင်ရောက်သွားတဲ့အခါ...။ (Zawgyi Code) သာမန်လူတစ်ယောက်က အင်ပါယာတစ်ပါးရဲ့ ခန္ဓာကိုယ်ထဲ ကူးပြောင်း ဝင်ရောက်သွားတဲ့အခါ...။