(Uni Code)
Chapter - 16
မင်အင်ပါယာ၏ မြင့်မြတ်သော နန်းဆောင်အတွင်း ကောင်းကင်ထက်မှ ငွေရောင် နှင်းဖြူများ စီးဆင်းကျနေသည်။ ဆောင်းဦးကာလဖြစ်သောကြောင့် အချမ်းကပိုလာသည်။ အင်ပါယာ မင်ထျန်းလော့သည် သူ၏ နန်းဆောင်အတွင်း၌ ရှိနေပြီး တစ်စုံတစ်ခုကို စဥ်းစားနေသည်။ ထို့နောက်တွင် သူက လက်ခုပ်တီးလိုက်သည်။ သူ့လက်ခုပ်သံကို ကြားသည်နှင့် အရိပ်ကိုယ်ရံတော် များက အလျှိုလျှို ထွက်လာကြသည်။ ထိုအခါ သူက သူ၏ ကိုယ်ရံတော်များကို ကြည့်လိုက်ပြီး...
" မင်းတို့ကို ဒီအင်ပါယာက အထူးအမိန့်ပေးစရာ ရှိတယ် "
" ဟုတ်ကဲ့ အင်ပါယာရဲ့ အမှုတော်ကို ထမ်းဖို့ အသင့်ရှိနေပါတယ် "
" ကောင်းပြီ ဒါဆိုရင် သေသေချာချာ နားထောင်ပါ၊ ဒီအင်ပါယာက မနေ့ညက လူရိပ်တစ်ခု နှင်းပွင့်ကြင်ယာတော် နန်းဆောင်ဘက်ကို သွားတာမြင်လိုက်တယ်၊ ဒါပေမဲ့ ငါသွားတော့ နှင်းပွင့်ကြင်ယာတော်က မည်သူ့ကိုမှ မမြင်ခဲ့ဘူးတဲ့၊ ဒါကို ငါမယုံဘူး ဒါကြောင့် မင်းတို့က သူ့ကို စောင့်ကြည့်ထားပြီး တစ်ခုခု ကိစ္စပေါ်လာရင် အချိန်မရွေး လာအကြောင်းကြားပေးကြပါ "
" အမိန့်အတိုင်းပါ အင်ပါယာ ဒီကိုယ်ရံတော်တွေက နှင်းပွင့် ကြင်ယာတော်ရဲ့ အရိပ်အခြည်ကို သေသေချာချာ စောင့်ကြည့်ထားပါမယ် "
သူက ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် အရိပ်ကိုယ်ရံတော် များက သူ့အား နှုတ်ဆက်ကာ နန်းဆောင်ထဲမှ ပြန်လည်၍ ထွက်ခွာသွားကြလေသည်။ ထိုလူများ ထွက်ခွာသွားသည့် အခါ ဟွားဟွားနှင့် ဝမ်မေ့က သူ့အခန်းထဲသို့ ဝင်လာကြပြီး...
" အရှင် ဝမ်မေ့က အဆင်ပြေပါပြီ၊ သူကညကလောက်တော့ ကြောက်လန့် မနေတော့ဘူး "
ဟွားဟွားက ပြောလိုက်သည်။ သူ၏ ဘေးမှ ဝမ်မေ့ကတော့ ခေါင်းမဖော်ဘဲ အောက်သို့သာ ငုံ့ကြည့်၍ နေသည်။ သူက ရှက်ရွံ့နေသည့် ဝမ်မေ့ကို ကြည့်လိုက်ပြီးနောက်...
" မေ့အာ မင်းက တကယ်ပဲ အဆင်ပြေပြီလား ညကတော့ ကြောက်လန့်နေပြီးတော့ "
![](https://img.wattpad.com/cover/311693733-288-k208320.jpg)
YOU ARE READING
The Resurrected Emperor (Complete - Bl)
Fantasia(Uni Code) သာမန်လူတစ်ယောက်က အင်ပါယာတစ်ပါးရဲ့ ခန္ဓာကိုယ်ထဲ ကူးပြောင်း ဝင်ရောက်သွားတဲ့အခါ...။ (Zawgyi Code) သာမန်လူတစ်ယောက်က အင်ပါယာတစ်ပါးရဲ့ ခန္ဓာကိုယ်ထဲ ကူးပြောင်း ဝင်ရောက်သွားတဲ့အခါ...။