Vol ; 1 Chapter (20)

1.4K 137 0
                                    

(Unicode)

Chapter - 20

မင်အင်ပါယာနှင့် အနီးကပ်ဆုံးသော အင်ပါယာ နိုင်ငံတစ်ခုဖြစ်သည့် ရှီးမာအင်ပါယာ။ ယင်းနိုင်ငံသည် တောင်များနှင့် မြစ်များ ကာရံကာ ပပတ်ပတ်လည်၌ တောများထူထပ်စွာ ရှိသည့်အတွက်​ကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသကဲ့သို့ စီးပွားရေး ထွန်းကားသည့် အင်ပါယာတစ်ခု မဟုတ်ပေ။

နိုင်ငံ၏ လူဦးရေသည် သန်းတစ်ရာ ပတ်ချာခန့် ရှိပြီး အင်ပါယာနိုင်ငံ တစ်ခု၏ အနည်းဆုံး လူဦးရေသာရှိ၏။ မြေပြင် အနေအထားအရ အခြားနိုင်ငံများမှ စစ်ချီရန် အတွက် ခဲခက်လှသော်လည်း အကယ်၍သာ စစ်ခင်း နိုင်မည်ဆိုလျှင်လည်း သူတို့အတွက် ပြေးပေါက်မရှိပေ။ ထို့အတွက်ကြောင့် အကယ်၍သာ သူတို့ကစစ်ချီမှုကို ခံယူရလျှင် သူတို့အတွက် ရွေးချယ်စရာဟူ၍ နှစ်ခုသာ ရှိသည်။

ထိုအရာက အညံ့ခံမလား၊ သေမလားဟူသည့် မေးခွန်းသာလျှင် ဖြစ်၏။ ထို့အတွက် အင်ပါယာကို အုပ်ချုပ်နေသည့် ရှီးမာအင်ပါယာ ရှီးမာသုဖန်က မင်အင်ပါယာကို ကြောက်ရွံ့ခြင်း ဖြစ်သည်။ အင်ပါယာမင်သည် နိုင်ငံငယ်များကို တိုက်ခိုက် သိမ်းယူသည့် အချိန်ကတည်းက တစ်နေ့ကျလျှင် သူ့ကို ပြိုင်ဆိုင်လာမည့် အင်ပါယာတစ်ခု ဖြစ်လာမည်ကို သူ တွေးကြောက်ခဲ့ရသည်။ ထို့အတွက်ကြောင့် သူက ထိုပြဿနာကို ဖြေရှင်းရန်အလို့ငှာ နေ့စဥ်နှင့်အမျှ စဥ်းစားတွေးတော နေခဲ့သည်။

မင်အင်ပါယာကို သိမ်းပြီး အင်ပါယာမင်ကို သတ်ရမည်လား။ ထိုအတွေးက လုံးဝ မဖြစ်နိုင်သည့် ကိစ္စသာ ဖြစ်သည်။ သန်းတစ်ရာကျော်သာရှိသည့် သူ့စစ်သည်အင်အားဖြင့် ထရီလီယံနှင့်ချီနေသော အင်ပါယာကို သူက မည်ကဲ့သို့သော သတ္တိတို့ဖြင့် အံတုရဲပါမည်နည်း။ ထို့အတွက်ကြောင့်ပင် သူက သူ၏ အချစ်ဆုံးသောသားဖြစ်သူ ရှီးမာသုချန်ကို အားကိုးခဲ့ခြင်း ဖြစ်လေသည်။

ရှီးမာသုဖန်သည် သူ၏ သားနှစ်ဦးဖြစ်သူ ရှီးမာသုချန်နှင့် ရှီးမာဇူယွမ်က လိင်တူခြင်း ချစ်ခင် ကြိုက်နှစ်သက် တတ်သော စိတ်ဆန္ဒတို့ဖြင့်  ကိန်းဝပ်နေသည့် လူဖြစ်ကြောင်း သာမန်အနေဖြင့် သိရှိထားသည်။ ရှီးမာသုချန်က ကောတစ်ယောက်အဖြစ် မွေးဖွားလာသည့်အတွက် သူတို့နှစ်ဦးက ချစ်ကြိုက်နိုင်သည်။ ထို့ကြောင့် ထိုအရာက ပြဿနာ မရှိခဲ့။

The Resurrected Emperor (Complete - Bl)Where stories live. Discover now