(unicode)
Chapter - 49
ကြီးမားခမ်းနားသည့် နန်းဆောင်ထဲမှ ထွက်လာသည့်လူက သေဆုံးသွားသည့် လူများကို မင်သေစွာ ကြည့်လိုက်သည်။ ထို့နောက်တွင် သူက ဝတ်ရုံရှည်ကို မလိုက်ပြီး တစ်လှမ်းချင်း လှမ်းထွက်လာလေသည်။
သူ့ကိုမြင်သည်နှင့် စစ်သည်များအားလုံးက ဒူးထောက်၍ ခေါင်းကို ငုံ့ထားကြသည်။ ထိုသူ၏ ခံစားချက် မဲ့နေသည့် အကြည့်ကိုမြင်သည့်အခါ အားလုံးက အသံပင် မထွက်ကြဘဲ တိတ်ဆိတ်လျက် ရှိကြသည်။ ထိုစဥ် စစ်သည်တစ်ဦးက ထိုသူ၏ရှေ့၌ ဒူးထောက်ချလိုက်ပြီးလျှင်...
" အရှင် သေဆုံးသွားတဲ့ သူတွေအားလုံးကို စစ်ဆေးပြီးပါပြီ၊ အားလုံးက ရှီးမာအင်ပါယာက စစ်သည်တွေပါ၊ စုစုပေါင်း နှစ်ရာ့ငါးဆယ်ရှိပါတယ် အရှင် "
ထိုစကားကို တင်ပြလိုက်သူက စစ်သေနာပတိချုပ် ကျောက်လုံရှင်းဖြစ်သည်။ သူတင်ပြလိုက်သည့်သူက မင်အင်ပါယာ၏ တစ်ဦးတည်းသော အုပ်ချုပ်သူ အင်ပါယာမင်ဖြစ်သည်။ သည်ညတွင် အင်ပါယာက တော်ဝင်စာကြည့်ခန်း၌ တစ်ချိန်လုံး ရှိနေခဲ့သည်။
အပြင်ဘက်မှ အသံများ ညံဝေနေမှုကြောင့် သူက တံခါးကိုဖွင့်ကာ ကြည့်လိုက်ခြင်း ဖြစ်သည်။ သူမြင်တွေ့လိုက်ရသည့် အရာက သူ့ကို ဒေါသ ထွက်သွားစေသည်။ ရှန်ဖေးသည် အင်ပါယာအဖြစ် ပြန်ရှင်သန်လာသည့် ကာလတစ်လျှောက်တွင် ဤမျှအထိ ဒေါသမထွက်ဖူးသေးချေ။ ယခုတော့ သူ၏ သည်းခံနိုင်မှုက လုံးဝပင် ကုန်ဆုံးသွားချေပြီ။
သူက သေဆုံးနေသည့် စစ်သည်များ၏ ခန္ဓာကိုယ်များကို နင်းလျှောက် ဖြတ်ကျော်သွားသည်။ သူဦးတည်နေသည့်နေရာက သူ၏ တော်ဝင်နန်းဆောင်သို့ ဖြစ်သည်။ သူ၏ တော်ဝင်နန်းဆောင်တွင် ရုန်းရင်းဆန်ခတ် အခြေအနေများ ဖြစ်ပွားခဲ့ဟန် တူသည်။
မြေပြင်တွင် ရေနွေးကရားနှင့် ဖန်ခွက်များက ကွဲအက်ကာ ကျနေပြီး သွေးကွက်အချို့လည်း ရှိ၍နေသည်။ အခန်းထဲတွင် လူနှစ်ယောက်က လဲကျသေဆုံး နေသည်။ ထိုလူနှစ်ယောက်မှာ ရှီးမာစစ်တပ်မှ စစ်သည်များဖြစ်၍ သူက အကြည့်တစ်ချက်နှင့်သာ ကျော်သွားလိုက်၏။
YOU ARE READING
The Resurrected Emperor (Complete - Bl)
Fantasy(Uni Code) သာမန်လူတစ်ယောက်က အင်ပါယာတစ်ပါးရဲ့ ခန္ဓာကိုယ်ထဲ ကူးပြောင်း ဝင်ရောက်သွားတဲ့အခါ...။ (Zawgyi Code) သာမန်လူတစ်ယောက်က အင်ပါယာတစ်ပါးရဲ့ ခန္ဓာကိုယ်ထဲ ကူးပြောင်း ဝင်ရောက်သွားတဲ့အခါ...။