(unicode)
Chapter - 39
တောင်များပတ်လည် တည်ရှိသော နေရာတစ်ခု။ များသောအားဖြင့် ကျောက်ကမူ၊ စိမ့်တော၊ သဘာဝ အလျောက် ဖြစ်တည်နေသော ချိုင့်ဝှမ်းနှင့် အခြားခြားသော အရာများဖြင့် မညီမညာ မပြေပြစ် မလှပသော အရပ်ဌာန တစ်ခု။ မင်အင်ပါယာနှင့် ဆိုလျှင် လီ နှစ်သောင်းခန့် ကွာဝေးပြီး တောင်များက ခြံရံလျက် ရှိသည့် အပြင် ထိုအရပ်ကို မြစ်တစ်ခုက ခြားနားထားကာ ကျွန်းစွယ်သာသာ, ကလေးမျှသာ ရှိနေသော နိုင်ငံငယ်တစ်ခု။
ရှီးမာအင်ပါယာသည် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ရာခန့်မှ စ၍ ထူထောင်ခဲ့သည့် အင်ပါယာတစ်ခု ဖြစ်သည်။ ထိုနေရာ၌ ရှီးမာအင်ပါယာအဖြစ်သို့ မထူထောင်ခင် ထန်ခေတ်တစ်ခု ရှိခဲ့သည်။ ရှီးမာအင်ပါယာ ရှီးမာသုဖန်က ထန်ခေတ်၏ စိုးစံ အုပ်ချုပ်သူ ထန် ဧကရာဇ်အား ပုန်ကန်လျက် ထီးနန်း သိမ်းပိုက်ကာ ထိုနေရာ၌ ရှီးမာအင်ပါယာကို တည်ထောင်ခဲ့သည်။
ထန်ဧကရာဇ်၏ တူတော် ရှီးမာသုဖန်က သူ၏ ဦးရီးတော်ကို ပုန်ကန်ခြားနားကာ အင်ပါယာအဖြစ် ကိုယ်တိုင် အုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်း နှစ်ရာကျော်ကြာ အုပ်ချုပ်ခဲ့သည့် ရှီးမာအင်ပါယာက ယခု အင်ပါယာ တစ်ခေတ်ပင် မရှိခဲ့ဘဲ ပျက်ယုဥ်းမည့်အရေး ဆိုက်၍နေ၏။
ရှီးမာသုဖန်သည် ထိုအရေးကို လွန်စွာ ဝမ်းနည်း စိတ်ပျက်လျက် ရှိသည်။ အထူးသဖြင့် သူ၏ မျိုးဆက် ပျက်သုဥ်းခြင်းက သူ့အားဖြေမဆည်နိုင်အောင် ဖြစ်ရ၏။ ယခု ရှီးမာသုဖန်သည် သူ၏ တော်ဝင်နန်းဆောင်အတွင်း၌ ရှိနေပြီး ညှိုးငယ်သော မျက်နှာဖြင့် ရှိနေသည်။
သူ၏ ဝတ်ရုံက အပေါ်အောက် အဖြူဖြစ်နေပြီး အသုဘဝတ်စုံကို ဝတ်ဆင်ထား၏။ သည်နေ့က သူ၏ သားနှစ်ယောက် တစ်ဖြစ်လည်း ရှီးမာ အင်ပါယာ၏ အနာဂါတ်ဖြစ်သော တော်ဝင် မင်းသားနှစ်ပါး၏ ကောင်းကင်ဘုံသို့ သွားရာ လမ်းအတွက် သင်္ဂြိုလ်သည့်နေ့ပင် ဖြစ်သည်။
ထို့အတွက် သူက အသုဘ အဝတ်အစားကို ဝတ်ဆင်၍ ရှိနေခြင်းဖြစ်သည်။ ရှီးမာသုဖန်သည် သူ၏ အနီး၌ ရှိနေသည့် တော်ဝင် အကြံပေးအား တစ်ချက် ကြည့်လိုက်ပြီး...
YOU ARE READING
The Resurrected Emperor (Complete - Bl)
Fantasía(Uni Code) သာမန်လူတစ်ယောက်က အင်ပါယာတစ်ပါးရဲ့ ခန္ဓာကိုယ်ထဲ ကူးပြောင်း ဝင်ရောက်သွားတဲ့အခါ...။ (Zawgyi Code) သာမန်လူတစ်ယောက်က အင်ပါယာတစ်ပါးရဲ့ ခန္ဓာကိုယ်ထဲ ကူးပြောင်း ဝင်ရောက်သွားတဲ့အခါ...။