Vol ; 1 Chapter (12)

2K 186 1
                                    

(Unicode)

Chapter - 12

ရှီးမာအင်ပါယာ၏ စစ်တပ်က မင်အင်ပါယာ၌ တစ်ပတ်ခန့် နေထိုင်သွားပြီးနောက် ပြန်လည်ထွက်ခွာသွား၏။ ရှီးမာသုချန်သည် နှင်းပွင့်ကြင်ယာတော်အဖြစ် ဘွဲ့ထူးကို ယူပြီးနောက် အင်ပါယာ၏ ပထမဆုံးကြင်ရာတော် အဖြစ် အလေးအမြတ် ပြုခြင်းခံရသည်။ သို့သော်ငြား ရှီးမာသုချန်သည် ထိုဘွဲ့ထူးကို မက်မောတွယ်တာခြင်းငှါ မရှိ။ သူလိုချင်သည့် ဘွဲ့ထူးကား အင်ပါယာ၏ တော်ဝင် ကြင်ယာတော်အဖြစ်သာ...။

မင်ထျန်းလော့ ခင်ဗျားက ကျုပ်လို လူကိုတောင်မှ တော်ဝင်ကြင်ယာတော် အဖြစ် မလိုလားဘူးဆိုတော့ ခင်ဗျားမှာ ကျုပ်ထက်သာတဲ့ ဘယ်သူရှိနေတာလဲ။ စောင့်ကြည့်လိုက် ကျုပ်...ရှီးမာသုချန်က ခင်ဗျားရဲ့ တော်ဝင်ကြင်ယာတော် သေချာပေါက် ဖြစ်လာစေရမယ်။

ရှီးမာသုချန်က သူ၏ ကြင်ယာတော် နန်းဆောင်အတွင်း စားပွဲပုံတစ်ခုပေါ်၌ ထိုင်ရင်း ကြုံးဝါးပြောဆိုလိုက်သည်။ ရှီးမာသုချန်သည် သူ၏ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်ဖို့ တွေးလိုက်သည်။ အင်ပါယာသည် သူ၏ ညွှတ်ကွင်းထဲမှ အလွတ်မြောက်နိုင်ဟု သူယုံကြည်ထားသည်။

" ဒီည အင်ပါယာက ကြင်ယာတော် အိပ်ဆောင်ကို ကူးရင်သေချာပေါက် ငါ့လူ ဖြစ်ရမယ် "

ရှီးမာသုချန်က ပြုံး၍ ပြောလိုက်သည်။ ထို့နောက်တွင် သူက စားပွဲပေါ်မှ ကြာပန်းနီဝိုင်ကိုယူရင်း တစ်ခွက် သောက်လိုက်သည်။ တဖြည်းဖြည်းနှင့် နေလုံးနီနီက အနောက်အရပ်သို့ ပြန်လည်ငုပ်လျှိုး သွားချေပြီ။ ရှီးမာသုချန်က အခြွေအရံ အားလုံးကို နှင်လွှတ်လိုက်ပြီး အခန်းကို အမှောင်ချကာ အလင်းတိုင် မှိန်မှိန်ကလေးကိုသာ ထွန်းထားလိုက်သည်။

သူကိုယ်တိုင်ကတော့ အလင်းပင်ဖောက်မြင်နိုင်သည့် ဇာအပါးသား ညဝတ်အင်္ကျီကို ဝတ်ဆင်၍ ခုတင်ထက်၌ ကိုယ်တစောင်းပုံစံ ထိုင်နေလိုက်သည်။ ညသည် အေးချမ်းတိတ်ဆိတ်ကာ လေပြည်ကလေးများက အခန်းပြင်ပမှ ဟိုဟိုသည်သည် တိုက်ခတ်၍ နေလေ၏။

အင်ပါယာ နန်းဆောင်ထဲတွင် ရှန်ဖေးက အခါးရေကိုသောက်ရင်း စာဖတ်၍ နေသည်။ မုန့်သည် သူ၏ အနီးအနား၌ ထိုင်နေပြီး ကျမ်းစာများကို ကူးရေး၍ နေ၏။ ထိုစဥ် သူတို့ အခန်းထဲသို့ ရွှယ်ရောက်ရှိလာပြီး ရှန်ဖေးအား ဦးညွှတ်လိုက်သည်။ ထို့နောက်...

The Resurrected Emperor (Complete - Bl)Where stories live. Discover now