(unicode)
Chapter - 44
ကောင်းကင်ထက်တွင် မီးတောက် မီးညွန့်တို့က တဆာဆာ တလူလူနှင့် လွင့်မျောနေကြ၏။ ထို စက်ဝန်းတွင် မီးခိုးငွေ့တို့သည်လည်း တငွေ့ငွေ့ တလူလူဖြင့် တလိပ်လိပ် တထွေထွေ ပြုကာ ကောင်းကင်ထက် အလုံးအရင်း တက်သွားကြကုန်ရှာသည်။
ရှောင်ဝမ်မေ့သည် ရှန်ဖေး၏ ရင်ခွင်အတွင်း၌ မိန်းမောစွာဖြင့် အိပ်မောကျလျက် ရှိသည်။ ရှန်ဖေး၏ မျက်ဝန်းတို့က ရွှန်းစိုနေပြီး ထိုမီးခိုးငွေ့တို့ကို မမှိတ်မသုန်စွာဖြင့် ငေးကြည့်နေသည်။ အင်ပါယာ၏ တော်ဝင်ကြင်ယာတော် တစ်ပါးက ဤသို့ဖြင့် ကြွေလွင့်ခဲ့ရရှာလေသည်။
" အရှင်... ဒါက တော်ဝင်ကြင်ယာတော်ရဲ့ ကြွင်းကျန်ရစ်တဲ့ အရိုးပြာပါ "
" ယူခဲ့... သူ့ကို အင်ပါယာရဲ့ ဘိုးဘေးအထိမ်း အမှတ် ခန်းဆောင်မှာ ထားရမယ် "
ကျောက်လုံရှင်း လာပေးသည့် အဖြူရောင် ကြွေအိုးကို ကြည့်ကာ သူက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ထိုကြွေအိုးအား မုန့်ကို ယူခဲ့ခိုင်းလိုက်သည်။ သူက လူထုပရိတ်သတ် အလယ်၌ပင် ဝမ်မေ့၏ ခန္ဓာကိုယ်ကို ပွေ့ချီ၍ သူ၏ တော်ဝင်နားနေဆောင်သို့ ဦးတည်ကာ လျှောက်လှမ်း၍ သွားလေသည်။
" ကောင်းကင်ကြီး ဒီနေ့က ဘာနေ့လဲ "
သူက မိုးကောင်းကင်ကို အဓိပ္ပါယ်မဲ့စွာဖြင့် ငေးကြည့်ရင်း ဤစကားကို ရေရွတ်လိုက်သည်။ ထို့နောက်တွင် သူက အင်ပါယာ၏ အလေးအမြတ်အပြုရာ နေ့ထူးနေ့မြတ်ထဲတွင် သူ၏ ကြင်ယာတော် သေဆုံးသည့်နေ့ကို ထည့်မှတ်ရန်အတွက် ရွှယ်အား စေခိုင်းလိုက်သည်။
" ရွှယ်... မင်းက အမတ်ချုပ်လုံဆီသွားပြီး ဒီနေ့ကို အင်ပါယာရဲ့ နေ့ထူးနေ့မြတ်ထဲမှာ ထည့်မှတ်ဖို့ပြောလိုက်ပါ၊ ပြီးတော့ အပြန်မှာ သမားတော် ကျုံးရှီကို ငါ့အခန်းခေါ်ခဲ့ "
" အမိန့်အတိုင်းပါ အရှင် ခွင့်ပြုပါအုံး "
ရွှယ်ကခေါင်းညိတ်၍ ထွက်ခွာသွားသည်။ ထိုအခါ သူက ရွှယ်အား ထွက်သွားစေလိုက်ပြီး မုန့်နှင့်အတူ သူ၏ တော်ဝင်နားနေဆောင်သို့ ဆက်လျှောက် သွားသည်။ တော်ဝင် နားနေဆောင်သို့ ရောက်သည့်အခါ သူက ဝမ်မေ့၏ ခန္ဓာကိုယ်ကို သူ၏သလွန်ထက်၌ တင်ထားလိုက်ပြီး နှဖူးထက် ဝဲကျနေသည့် ဆံနွယ်များကို သူ၏ လက်နှင့် ဖယ်ရှားလိုက်ရင်း...
![](https://img.wattpad.com/cover/311693733-288-k208320.jpg)
YOU ARE READING
The Resurrected Emperor (Complete - Bl)
Fantastik(Uni Code) သာမန်လူတစ်ယောက်က အင်ပါယာတစ်ပါးရဲ့ ခန္ဓာကိုယ်ထဲ ကူးပြောင်း ဝင်ရောက်သွားတဲ့အခါ...။ (Zawgyi Code) သာမန်လူတစ်ယောက်က အင်ပါယာတစ်ပါးရဲ့ ခန္ဓာကိုယ်ထဲ ကူးပြောင်း ဝင်ရောက်သွားတဲ့အခါ...။