(Unicode)
Chapter - 26
အခြေအနေ အားလုံးက ဖြစ်ပျက်မှု မြန်ဆန်လွန်းသည်ဟုပင် ထင်ရ၏။ ကောမျိုးမျိုးနွယ်သည် တဖြည်းဖြည်း ဆုတ်ယုတ်သွားပြီး ယခုအခါ၌ ထိုမျိုးနွယ်စုသည် မင်အင်ပါယာအတွင်း၌ မျိုးတုံး ပျောက်ကွယ်လုပင် ဖြစ်နေသည်။ မျိုးနွယ်စု၏ ခေါင်းဆောင်သည်လည်း ဒဏ်ရာများဖြင့် သတိလစ် နေသည်မှာတစ်ပတ်ခန့်ပင် ရှိပြီဖြစ်သည်။ ဝမ်မေ့သည် နေ့စဥ်နေ့တိုင်း မျိုးနွယ်စု ခေါင်းဆောင်၏ အနီး၌ ရှိနေပြီး မျိုးနွယ်စုခေါင်းဆောင် အတွက် ဝတ်ကြီး ဝတ်ငယ် ပြုလုပ်ပေး၍ နေသည်။
ရှန်ဖေးသည် ဝမ်မေ့အားကြည့်ကာ အနည်းငယ်စိတ်မကောင်း ဖြစ်မိသည်။ သူ၏ ဆိုလိုချက်မှာ အမြဲတမ်း ပျော်ရွှင်နေတတ်သည့် ကလေးငယ် တစ်ဦးက ရုတ်တရက် ထငိုလိုက်သည့် အခါ စိတ်ပူပန်မှု ဖြစ်သကဲ့သို့ပင် ဖြစ်လေ၏။ ဝမ်မေ့သည်လည်း ဝမ်မေ့ပင် သူက ဤရက်များတွင် အစားအသောက်နည်းပြီး တဖြည်းဖြည်းပိန်လှီ၍ လာလေသည်။
ရှန်ဖေးသည် မျိုးနွယ်စု ခေါင်းဆောင်အား ထား,ထားသည့် အခန်းသို့ ရောက်လာသည်။ သူက အခန်းတံခါးကို အသာတွန်းဖွင့်၍ ဝင်သည်။ အထဲတွင် ခုတင်ပေါ်၌ မျိုးနွယ်စုခေါင်းဆောင်က ငြိမ်သက်စွာ လှဲလျောင်း နေပြီးဝမ်မေ့သည် မျိုးနွယ်စုခေါင်းဆောင်၏ ခြေရင်းခုတင်ဘောင်တန်းကို မှီ၍ အိပ်ပျော်လျက် ရှိသည်။
ထိုအရာကို ရှန်ဖေးက မြင်သည့်အခါ သက်ပြင်း ချလိုက်သည်။ ထို့နောက်တွင် သူက ဝမ်မေ့၏ အနားသို့သွား၍ ထိုကောင်လေး၏ နှဖူးထက်၌ ဝဲကျနေသော ဆံနွယ်များကို လက်ဖြင့်အသာသပ်တင်ပေးရန် လှမ်းလိုက်သည်။ ထိုစဥ်ဝမ်မေ့၏ ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ရှား၍ လာပြီး မျက်လုံးက ပွင့်ဟလာသည်။
" မင်လော့... ဘယ်တုန်းက ရောက်နေတာလဲ၊ အီး... မေ့အာ အိပ်ပျော်သွားတယ် "
ဝမ်မေ့က သူ့အားကြည့်ကာ ပြောလိုက်ပြီး ပြင်းကြောဆန့်လိုက်သည်။ ထိုအခါသူက မည်သည့်စကားမျှ မပြောဘဲ ဝမ်မေ့ကိုသာ ကြည့်လိုက်သည့် အတွက် ဝမ်မေ့က...
" ဘာကြည့်တာလဲ မေ့အာမျက်နှာမှာ ဘာတွေရှိနေလို့လဲ "
" မဟုတ်ဘူး၊ မင်းမျက်နှာကိုကြည့်ရတာ ကိုယ့်အတွက်ရင်အေးစေလို့ "
![](https://img.wattpad.com/cover/311693733-288-k208320.jpg)
YOU ARE READING
The Resurrected Emperor (Complete - Bl)
Fantasía(Uni Code) သာမန်လူတစ်ယောက်က အင်ပါယာတစ်ပါးရဲ့ ခန္ဓာကိုယ်ထဲ ကူးပြောင်း ဝင်ရောက်သွားတဲ့အခါ...။ (Zawgyi Code) သာမန်လူတစ်ယောက်က အင်ပါယာတစ်ပါးရဲ့ ခန္ဓာကိုယ်ထဲ ကူးပြောင်း ဝင်ရောက်သွားတဲ့အခါ...။