(Unicode)
Chapter - 54
ဝမ်ကျောက်ယွီက ကောင်းကင်ကို အနည်းငယ် မော့၍ ကြည့်လိုက်သည်။ ကောင်းကင်က လျှပ်တို့လက်လာပြီး မိုးက ပို၍ သည်းထန်လာ၏။ မှိန်မှိုင်းနေသော ကောင်းကင်သည် ယခုတော့ တိမ်ရောင်စုံတို့ ကင်စင်လျက်ရှိသည်။
" ဟားဟား... ကောင်းကင်ကတောင်မှ ငါ့ကို မလိုချင်တော့ဘူးလား၊ တကယ်ပဲ ငါက လူတိုင်းအတွက် လူပိုတစ်ယောက် ဖြစ်နေပြီလား "
သူက ကောင်းကင်ကို ကြည့်ကာ လှောင်ပြောင် သရော်လိုက်သည်။ ထို့နောက်တွင် မျက်နှာထက် ကျလာသည့် ရေစက်တို့ကို လက်ဖြင့် သုတ်လိုက်ပြီးနောက်...
" ငါဝမ်ကျောက်ယွီရဲ့ မွေးဖွားမှုဟာ လူတွေအတွက် ဒီလောက်တောင်မှ ဆိုးဝါးတဲ့ နာကျင်ခြင်း၊ မုန်းတီးခြင်းတွေကို ဖြစ်ပေါ်စေတယ်ဆိုရင် ဒီမွေးဖွားမှုကို သေဆုံးခြင်းအဖြစ်နဲ့ပဲ ငါကိုယ်တိုင် အဆုံးသတ်လိုက်ဖို့ ဆန္ဒရှိတယ်၊ ဒါပေမဲ့... "
သူက အေးစက်စက် ပြောလိုက်ပြီး တစ်ဖက်မှ ဝမ်မေ့ကို ကြည့်လိုက်သည်။ ထို့နောက် အရှင့်အား ကြည့်လိုက်ပြီး...
" အရှင်က သူ့အတွက်နဲ့ ဒီလောက်တောင် ခံစားနေရတယ် ဆိုရင် သူမရှိတော့တဲ့ ဘဝမှာ အရှင်က ဘယ်လို အသက် ဆက်ရှင်မလဲ ဆိုတာကို ဒီကျောက်ယွီက သိချင်တယ်၊ အရှင့်ရဲ့ နာကျင်ခြင်း ခံစားခြင်းတွေ အားလုံးက ကျောက်ယွီရဲ့ အချစ်ကို လျစ်လျူရှု့ခဲ့တဲ့ အရှင့်အတွက် ကျောက်ယွီပေးတဲ့ ကျိန်စာပဲ "
ဝမ်ကျောက်ယွီက ခံစားချက် ကင်းမဲ့လှသော မျက်နှာသေဖြင့် ပြောလိုက်သည်။ သူ့အသံက အေးစက်နေ သကဲ့သို့ သူ့မျက်နှာသည်လည်း လူသေတစ်ယောက် ကဲ့သို့ ခံစားချက်တို့ကင်းမဲ့လျက် ရှိနေ၏။
ယခု ဝမ်ကျောက်ယွီ၏ အသွင်က အရာအားလုံးကို လုပ်ရဲသည့် လူတစ်ယောက်နှင့် လွန်စွာ တူညီနေသည်။ ယခုအချိန်တွင်သာ ဆိုပါက ကောင်းကင်ကိုပင် ဓားဖြင့် ထိုးခွဲနိုင်လောက်သည်အထိကို ကြောက်စရာ ကောင်းလွန်းနေသည်။
ထို့နောက်တွင် သူက ဓားကို ဒရွတ်တိုက်ဆွဲရင်း ဝမ်မေ့ဆီသို့ တစ်လှမ်းခြင်း လျှောက်သွားလိုက်သည်။ သူက ပိုမို၍ တည်ငြိမ်နေလေလေ ပို၍ ကြောက်စရာကောင်း လေလေပင် ဖြစ်သည်။
![](https://img.wattpad.com/cover/311693733-288-k208320.jpg)
YOU ARE READING
The Resurrected Emperor (Complete - Bl)
Fantasy(Uni Code) သာမန်လူတစ်ယောက်က အင်ပါယာတစ်ပါးရဲ့ ခန္ဓာကိုယ်ထဲ ကူးပြောင်း ဝင်ရောက်သွားတဲ့အခါ...။ (Zawgyi Code) သာမန်လူတစ်ယောက်က အင်ပါယာတစ်ပါးရဲ့ ခန္ဓာကိုယ်ထဲ ကူးပြောင်း ဝင်ရောက်သွားတဲ့အခါ...။