3

1K 140 29
                                    


ဂျင် နှင့် ဂျောင်ဂု ရေကန်သို့ရောက်သောအခါ
ဆော့ဂျင်မှာ ပျော်ရွှင်လွန်း၍ လှုပ်ရွ နေ​ေလသည်။

"ဂျောင်ဂု    ငါ ရေထဲ ဆင်းမယ်နော် "

" ရေနိမ့်ပိုင်းကို ပဲ ဆင်းရမယ်နော် "

" ဟာ ၊ ဂျောင်ဂု ကလည်း ဟိုဘက်လေး နည်းနည့်းလောက်ထိပဲ လေ  နော် နော်  "

လာပြန်ပြီ  . .ချစ်ဖို့ကောင်းအောင်လုပ်ပြတာနဲ့တင် ရမယ်ထင်နေတာ ။
သူထိခိုက်စိုးလို့မဆင်းခိုင်းတာပါဆို ဒီ ကောင်လေး
ကိုယ်က ရေကန်ထဲ ကို ဆင်းကိုမဆင်းစေချင်တာ ၊ အခုတောင်သူလေးက သွားချင်နေလွန်းလို့သာ လိုက်ပို့ရတာ ..၊

 
"မရဘူး ဆော့ဂျင် ..  ကိုယ်မင်း သွား ချင်တယ်ဆိုလို့ လိုက်ပို့ပေးပြီးပြီ နော်... အဲ့ တော့ မင်းက ကိုယ့်စကားနားထောင်ရမယ်.."

"ဟွန့်....  ဂျောင်ဂု စိတ်ပုတ် "

"ကဲ ဂျွန်ဆော့ဂျင် ခဗျ..  နေဝင်တော့ပါမယ် ဆင်းမယ်ဆို မြန်မြန်ဆင်းပါ ခင်မျာ ...ပြီးရင် ကျွန်တော်မျိုးက ခင်များလေးဖို့ အင်ကျီ တွေ ထုတ်ပြီး ဆောင့်နေပါ့မယ် ခင်မျာ"

"ဟုတ် ကဲ့..  အဲ့ဒါဆို ဆင်းပြီ နော် ဆော့ဂျင်ရဲ့ ယောက်ျားလေးရေ"

ထို့နောက်ဆော့ဂျင် တစ်ယောက် ဝတ်ရုံရှည်လေး၌ ထုံးဖွဲ့ထားသော ခါးစည်းကြိုးလေးအား  ဖြုတ်ချလိုက်ပြီး..  အတွင်းဝတ်စုံ အဖြူလေးသာ ကျန်နေလေတော့သည်...  
ထိုမှတစ်ဆင့် သူ၏ ဦး ခေါင်းထက်၌ ထုံးဖွဲ့ထားသော ဆံထုံးလေးအား ဖြီ ချလိုက်ပြီး ရေကန်အတွင်းသို့ဆင်းလေတော့သည် ။

ဂျောင်ဂု မှာတော့ .. ကလေးတစ်ယောက်လို ပျော်ရွှင်နေသော ဆော့ဂျင်အားကြည့်ကာ ထို ကောင်လေး ရေကန်ထဲမှ ထွက်လာမည့် အချိန်ကိုသာ ထိုင်စောင့် နေလို့က်သည် ။

"ဆော့ဂျင် တော်ပြီ နော် ခနနေ နေဝင်တော့မယ် "

"ဟုတ် ...."

ဂျောင်ဂုမှာ ဆော့ဂျင်တက်လာသည်နှင့်..  ဆော့ဂျင် ၏ခေါင်းလုံးလုံးလေးအား ထိန်းကိုင်ကာ 
"ဒီ မှာ အဝတ်တွေ ဆော့ဂျင်..  တော်ပါသေးရဲ့ ခေါင်းမစိုလို့..   ဆံပင်အဖျားတွေတော့ဆိုနေတယ် "

THE KING (Completed)Where stories live. Discover now