19🔞

1.2K 111 56
                                    

သျှီလာ၏ညစာစားပွဲ၌လူများအပြားစည်ကားလျက်....သျှီလာလက်အောက်ခံနယ်မြေများသာမက...မိတ်ဖက်နိုင်ငံများပါဝင်သည်....အရှင်နှင့်ကြင်ယာတော်အားလာရောက်ဂုဏ်ပြုကြခြင်း.....

ထို့အထဲတွင်သျှောင်လည်းအပါအဝင်.....ဂျောင်ဂု၏ငြင်းဆိုမှုကြောင့်....မင်းသမီး၏ကိုယ်ရံတော်အဖြစ်နှင့်လိုက်ပါစေပြီး...တပ်သားများကြားတွင်လည်း....
ယွန်းဂီစုစည်းပေးထားသောလူများထည့်ထားလေသည်....ယွန်းဂီမှာလည်းတပ်သားတစ်ယောက်အယောင်ဆောင်လျက်....

"အရှင်မင်း​​မြ တ်နှင့်အရှင်မကြွချီလာကြောင်းပါ..."

ထိုစကားကြားသည်နှင့်....ခန်းမဆောင်အတွင်းမှအသံများသည်တိကနဲပျက်ကြသွား၍.....

အရှင်နှင့်အရှင်မအားရှုစားလျက်.....

ဂျောင်ဂု၏အကြည့်များသည်လည်းသူ့ကလေးထံ၌....

မတွေ့ရတာကြာလှပြီဖြစ်သောကြောင့်...ခန်ဓာကိုယ်လေးအားရင်ခွင်ထဲထည့်၍ထွေးပွေ့ချင်စိတ်ကတားမရဆီးမရ...

ကောင်ငယ်လေး ကပြည့်စုံလွန်းလိုက်တာ...လှရက်နိုင်လွန်းပါပေတယ်....

ရုတ်တရက်...စားပွဲ၏ထိပ်ဆုံးတွင်ထိုင်နေသော...အရှင်၏မျက်ခုံးများမှာတွန့်ချိုးသွားလေသည်....

"မောင်မင်းကဘယ်သူလဲ...."

အရှင်မှာဂျောင်ဂုအားကြည့်လျက်...ထိုစကားအားဆိုလိုက်သည်...

ထိုအခါမှ...မင်းသမီးအီဆိုသည်..ပြာပြာသလဲဖြင့်...

"ကျွန်မရဲ့ကိုယ်ရံတော်ပါအရှင်...သျှောင်နိုင်ငံရဲ့မင်းသမီးအီဆိုပါ....ကျွန်မဘေးမှာထိုင်နေတဲ့လူက...ကျွန်မရဲ့ကိုယ်ရံတော် ဂျွန် ပါအရှင်...."

အရှင်မှာ...မယုံကြည်သော်လည်းပြန်သာထိုင်နေလိုက်သည်....

တူတယ်...တော်တော့ကို....တကယ်များဂျွန်ဂျောင်ဂုလား....

ဘေးဘက်တွင်ထိုင်နေသောနှင်းစက်ငယ်
အားကြည့်လိုက်သော်နှင်းစက်ငယ်လေးမှာလည်းထို...ကိုယ်ရံတော်ဟူသည့်ကောင်အားကြည့်နေလေသည်....မကြည့်နဲ့...ကိုယ့်ဘက်လှည့်ကောင်လေး...

THE KING (Completed)Where stories live. Discover now