4

937 136 24
                                    

"ဂျောင်ဂု...ငါတို့တိုင်းပြည်မှာ လေ အရင်အရှင် မင်းမြတ်နဲ့    အပျော်မယ် တပါး နဲ့ ရခဲ့တဲ့
ကလေးတစ်ယောက်ရှိတယ် ဆို"

ထိုစကားကြောင့် ဂျောင်ဂု ကျော မတ်သွားရသည်။

"ပြီးတော့ အဲ့ ကလေးကလေ အရှင့်ရဲ့ ပထမဆုံးရင်သွေးတဲ့....  ပြီးတော့ မွေးပြီးပြီးချင်းပျောက်သွားတယ်ဆို... ဟုတ်လားဟင်"

"မင်းကို အဲ့ တာ တွေ ဘယ်သူပြောတာလဲ ဆော့ဂျင် "

ဂျောင်ဂု တစ်ယောက်သူ့ ရင်ခွင်ထဲ တွင်မှီ တွယ်နေသော ဆော့ဂျင်၏ ခေါင်းလေးအား
တစ်ချက်မွှေးကြူ၍ မေးလိုက်သည်။

" ဟီး.. အဲ့ဒါ က ေလ မနေ့က..ငါ ရွာ ထဲ လျှောက်လည် တော့ လေ...  ဘွားဘွားမင်ရဲ့ အိမ်သွားတာ သူက အဲ့ အကြောင်းလေး နည်းနည်း ပြောပြပြီး သိချင်ရင် မင်းယောက်ျား ကို မေးဆိုလို့...  ငါ မင်းကိုမေးတာ..."

" ဆော့ ဂျင်ကအဲ့ အကြောင်းတွေ သိချင်တာလား.."

"ဟုတ်.....ပြောပြပါနော် ဂျောင်ဂု "

"ဟုတ်ပါပြီ... ကိုယ်ပြောပြမယ်...  အရင် အရှင် က သူ့ ကို စောင်းတီးဖျော်ဖြေ ရတဲ့ ေပျာ်မယ် မင် နဲ့ ငြိစွန်းခဲ့တယ် .... အဲ့မှာ အပျော်မယ် မင်က ကိုယ်ဝန်ရလာတယ်လေ... အဲ့ အချိန်က အရှင်မကလည်း ကိုယ်ဝန်မဆောင်နိုင်သေးဘူးလေ  ... အဲ့ တော့ အရှင်ကလည်း အပျော်မယ် မင်ကို အရှင်မမြှောက်တာပေါ့ ......

နောက် အပျော်မယ် မင်မွေးဖွား တဲ့ နေ့မှာ မွေးဖွားပြီးပြီး ချင်း    အပျော်မယ် မင်ကော၊ သားငယ်လေးနဲ့ အတူ  အထိန်းတော် တစ်ပါးပါ ပျောက်ဆုံးသွားခဲ့ တာ
လူတချို့ကလည်း သူတို့နှစ်ဦးလုံးလုပ်ကြံခံ ခဲ့ရတာတဲ့ ၊ တချို့ကြတော့လည်းထွက်ပြေးသွားတာ လို့ပြောကြတယ်....
အဲ့ အချိန်တုန်းက ဆို အရှင် က အရမ်းကို ပူဆွေး ခဲ့တာ တဲ့
နောက်တော့လည်း မေ့မေ့ပျောက်ပျောက်တွေ ဖြစ်ကုန်ကြတာပါပဲ ဆော့ဂျင်ရယ်.. "

"အဲ့ဒါ ဆို အဲ့ ကလေးလေး က ဘယ်မှာလဲဟင်"

"သူလည်း တနေရာရာမှာ ရှိနေမှာပေါ့ဆော့ ဂျင်"

"ဂျောင်ဂု ကတော်လိုက်တာနော် ငါ ဘာမေးမေး အကုန်သိနေတာ....ဂျောင်ဂုကိုအဲ့ အကြောင်းတွေ ဘယ်သူ ပြောပြတာလဲ ဟင်.."
.

THE KING (Completed)Where stories live. Discover now