18

614 95 34
                                    


"အကိုဂျောင်ဂု "

ဂျောင်ဂုတစ်ယောက်သူ၏နာမည်ခေါ်သံကြားသည်နှင့်....ဆွဲနေလက်စပန်းချီအားရပ်ကာ....
ခေါ်နေသည့်လူဘက်သို့လှည့်လိုက်လေသည်....

"မင်းသမီးပါလား....ကျွန်တော့်ဆီကိုဘာအကြောင်းထူးလို့..."

"ကျွန်မရဲ့ဆိုင်သူအဖြစ်နဲ့...သျှီလာကိုသွားဖို့အကြောင်း........ ငြင်းဆိုလိုက်တယ်ဆို....ဘာကြောင့်များလဲဟင်...."

သူမ...ဖခင်ထံမှထိုသတင်းအားကြားကြားချင်းကမယုံနိုင်တောင်ဖြစ်မိသွားသည်.....အကိုဂျောင်ဂုက...သူမကိုချစ်ကျွမ်းဝင်နေတာမဟုတ်ဘူးလား....

"အဲ့လိုကမသင့်တော်ပါဘူးမင်းသမီး....ကျွန်တော်အခွင့်အရေးမယူချင်ပါဘူး..."

ထိုစကားအား ကြားသောအခါ သူမနှုတ်ခမ်းလေးတွန့်ကွေးယုံမျှပြုံးလိုက်လေသည်...

အကိုကယောက်ျားကောင်းတစ်ယောက်ပဲ...
အခွင့်အရေးယူလည်းရပါတယ်...အကိုရယ်...

"ကျွန်မဘက်ကဘယ်လိုမှသဘောမထားတာမို့လို့...အကိုလက်ခံလို့ရပါတယ်..."

"မဟုတ်ပါဘူးမင်းသမီး...ကျွန်တော်လက်မခံတာကတခြားအကြောင်းအရာတစ်ခုရှိလို့ပါ..."

"တခြားအကြောင်းအရာ..."

"တကယ်လို့မင်းသမီးရဲ့ဆိုင်သူအဖြစ်နဲ့သွားမယ်ဆိုရင်...သျှီလာမှာရှိနေတဲ့ကျွန်တော့ရဲ့ဆိုင်သူလေးကစိတ်အနှောင့်အယှက်ဖြစ်သွားမှာ...စိုးလို့ပါ..."

အကို့၏ထိုစကားအားကြားသောအခါ...သူ့နားသူတောင်မယုံနိုင်....အကို..နှစ်သက်တဲ့သူကသူမဟုတ်ခဲ့လေဘူးလား...သူက...တစ်ချိန်လွန်း...ကိုယ့်ကိုကိုယ်အထင်ကြီးနေခဲ့တာပဲ....

မဖြစ်ရဘူး....မဖြစ်ရဘူး...အကိုကငါ့အတွက်..ဟုတ်တယ်...အကိုကငါ့အတွက်.... စိတ်လျှော့အီဆို...အကို့ကိုနင့်အပိုင်ဖြစ်အောင်လုပ်ရမယ်...ဟုတ်တယ်...အဲ့လိုလုပ်ရမှာ

စိတ်ထဲ၌ဝန်းဒိုင်းကျဲနေသောလည်း...သူမ ၏ အပြင်ပိုင်းမျက်နှာဟာ.ရေသေကဲ့သို့တည်ငြိမ်လျက်.....

"အကို့သဘောပါ...ကျွန်မကအကိုများအဆင်မပြေတာလားလို့..ကျွန်မကိုခွင့်ပြုပါအုံး..."

THE KING (Completed)Where stories live. Discover now