6

865 125 33
                                    

"ဂျောင်ဂုရေ...ထတော့....ထလို့...
ဒီနေ့ ဟင်းရွက်တွေသွားပို့ရမှာလေ.."

"ခနလေးပါ...ဆော့ဂျင်ရယ်..."

"မရပါဘူး..ထနော်.. မထရင်..စိတ်ဆိုးမှာ..."

မကြာခင်စိတ်ကောက်တော့မည့် ဆော့ဂျင်ကြောင့် ဂျောင်ဂု မျက်လုံးများ ဖွင့်လိုက်ရသည်...
မျက်လုံးဖွင့်ဖွင့် ခြင်းမြင်လိုက်ရသည်က နှုတ်ခမ်းဖူးဖူး လေးအား ဆူထုတ်ထားသော
ကောက်တေးလေး....

" ကဲ... နိုးတော်မူ ပြီ မို့.. စိတ်တော့ မကောက်လိုက်ပါနဲ့ ကောက်စိန်လေး ရယ်"

"ဟွန့်.......နိုးရင်လဲ ထတော့ မနက်စာပြင်ထားတယ်.."

"ဘာ-"

"လာမအော်နဲ့....ငါက မင်းကို စားစေချင်လို့ အစော ကြီးထ,ထားရတာနော်"

"ဘာ!..အစောကြီးထတယ်... မှန်းစမ်း ပါး ဖောင်းဖောင်းလေးတွေလျော့သွားပြီလား"

ဂျောင်ဂုတစ်ယောက် ဆော့ဂျင်၏မျက်နှာလေးအား လက်ဖဝါး နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ.. ပါးဖောင်းဖောင်းလေးတွေအားစစ်ဆေးနေလေသည်...

"ဆော့ဂျင်...ကလေး.. ညကျရင်စောစောအိပ်ရမယ်နော်... မျက်ကွင်းလေးညိုချင်သလိုလိုဖြစ်နေတယ်
....မျက်နှာ လေးက လည်းနည်းနည်း ချောင်ကျနေသလိုပဲ.....မဖြစ်ဘူး....ဒီနေ့မြို့ရိုးထဲ မလိုက်ခဲ့နဲ့တော့..."

"ဟာ....မရပါဘူးနော်....ငါကလိုက်ချင်တာ....နော်လို့ ဂျောင်ဂုနော်... ညကျရင်စောစောအိပ်မယ်လေ...ပြီးတော့ထမင်းကို အရင်ကလို သုံးပန်းကန်မဟုတ်ပဲ ငါးပန်းကန် စားပေးမယ်နော်.....နော်....နော်လို့ "

"ဟင်း......ပြီးတာပဲ ကလေးရယ် ထမင်းကိုငါးပန်ကန်စားပြီး....ညကျတကယ်စောစောအိပ်ရမယ်နော်...."

"ဟုတ်ကဲ့.....ဂျောင်ဂုပြောတဲ့စကားအတိုင်းနားထောင်ပါမယ်နော်...."

"ကိုယ်မျက်နှာသစ်.. ပြင်ဆင်ပြီးရင် ထမင်းစားဖို့လာခဲ့မယ်နော်....ကလေးက ထမင်းပြင်နေ...".

"ဟုတ်ကဲ့ ဂျောင်ဂု "

------------------

"ဂျောင်ဂု... ပင်ပန်းနေပြီလားဟင်... အထုတ်တွေ က ဒီ လ မှ ပိုများနေသလားလို့....ငါ့ကို တစ်ထုတ်လောက်ပေးနော်..."

THE KING (Completed)Where stories live. Discover now