14

690 92 49
                                    

ဆော့ဂျင်နှင့်အရှင်...အခုတလောမတွေ့ဖြစ်သေးပါ.....တောင်ပေါ်ဒေသကချစ်ကြည်ရေးအတွက်..အရှင်ကအလုပ်ရှုပ်နေသည်တဲ့...ထားပါ...ဒါကဆော့ဂျင်ရဲ့အလုပ်မဟုတ်...

ဆော့ဂျင်ရဲ့အထိန်း​ေတာ်ကိုခေါ်၍နန်းတွင်းဥယာဥ်တော်ဆီသို့သွားကြသည်.....

ဥယာဥ်တော်အတွင်းသို့ရောက်သော်....သန့်ရှင်းရေးလုပ်သမားများ၏တီးတိုးသံများကိုကြားနေရသည်....အကြောင်းက...အရှင်က..ကြင်ယာတော်နောက်တစ်ပါးထပ်မြှောက်မို့တဲ့

သူလည်းကြားပါသည်.....ဒါပေမဲ့အဲ့အကြောင်းတွေကသူနှင့်မဆိုင်...အရှင့်ဘာသာ..အပါးနှစ်ဆယ်မြှောက်လည်းသူကဘာမှမဖြစ်....မြှောက်ချင်တဲ့လူမြှောက်ပါစေ...သူကဒီမှာ..ဂျောင်ဂုလာခေါ်မှာကိုစောင့်နေယုံပဲ...

"ဘယ်သူများပါလိမ့်လို....ယောက်ျားလေးတန်မဲ့....အရှင့်ကိုမြှူဆွယ်ရဲ့တဲ့...ေအာက်တန်းစားကောင်ပဲ...."

ဆော့ဂျင်တစ်ယောက်အတွေးရေယာဥ်လေးထဲနစ်မြောနေစဥ်....ကြားလိုက်ရသော...ငှက်ဆိုးထိုးသံကဲ့သို့အသံစူးစူး

လှည့်ကြည့်လိုက်တော့...မိန်းကလေးတစ်ယောက်....လှပသောရုပ်ရည်လေးနဲ့မှမလိုက်ကြမ်းတမ်းလှသောစကားများထွက်လာသည်မှာအံသြစရာ.....

ပြဿနာမဖြစ်ချင်သောကြောင့်ရှောင်ထွက်မည်အပြု....သူ့လက်ကောက်ဝတ်အားစုပ်ကိုင်ထားသောထိုမိန်းကလေး....

သူမ၏ရှည်လျားလှသောလက်သည်းများကသူ့လက်လောက်ဝတ်အသားများထဲသို့စိုက်ဝင်နေသောကြောင့်...နာကျင်မှုကပြောမပြတတ်.....

ထိုမိန်းကလေး၏လက်အား,အားကုန်သုံး၍ရုန်းကန်လေသော်...နှစ်ယောက်လုံးအနောက်သို့ယိုင်ကျသွားသည်....

ခုနကတည်းကမျက်နှာမသာမယာစွာနှင့်ကြည့်နေသော...ဆောဂြျင်၏အထိန်းတော်သည်လည်းဆော့ဂျင်ယိုင်ကျသွားသည်နှင့်တစ်ပြိုင်နက်....ထိန်းကိုင်ပွေ့ထားလေသည်....

ဆော့ဂျင်အားရန်လာစသည့်မိန်းကလေးမှာတော့.. သူမ၏အထိန်းတော်က...မထိန်းပေး၍လားမသိ....မြေပြင်ပေါ်၌မရှမလှစွာလဲကျနေလေသည်...

ဆော့ဂျင်တစ်ယောက်လည်း....မည်သည့်ပြသနာမှမဖြစ်ချင်၍....အထိန်းတော်ကြီးနှင့်အတူ.....နန်းဆောင်သို့သာ..ပြန်ခဲံလိုက်တော့သည်.....

THE KING (Completed)Where stories live. Discover now