17

644 89 28
                                    

တိတ်ဆိတ် မဲမှောင်နေသော...အခန်းထဲ၌ကြားလိုက်ရသော...အော်ည ည်းသံတစ်ခု...

အား

"ဘယ်သူလဲ... ဘယ်သူလဲလို့..ငါ့ကိုဖမ်းထားတာ...ဘယ်သူ"

ဖြောင်း

ထိုသူ၏စကားတောင်မဆုံးသေး....မျက်နှာပေါ်သို့အားနှင့်အရိုက်ခံလိုက်ရသောကြောင့်....လဲကျသွားလေသည်....

"ဘယ်သူလဲ... နင်ဘယ်သူလဲ....ငါလိုကြင်ယာတော်တစ်ပါးကိုများနင်က..."

"အဟက်သေတော့မယ့်လူက...မာန်မချသေးဘူးနော်...."

ကြားလိုက်ရသော...သြရှရှစကားသံ...ထိုအသံကသေချာပါသည်...သူသိပ်ချစ်ရသည့်အရှင်....

"အ...အရှင်လား....ဒါ..ဒါက..ဘယ်နေရာလဲဟင်...ကျွန်မကဘယ်ကိုရောက်နေတာလဲဟင်..."

""အဟက်...ဒါကလား...အကျဉ်းထောင်...မဟုတ်သေးဘူး...မင်းက..ငါ့ရဲ့တန်ဖိုးထားရတဲ့အရာလေးကို...ငါ့ဘဝထဲကဆွဲထုပ်ဖို့လုပ်ခဲ့တာလေ....
အဟင်းး...ဒီနေရာက... ေမြအောက်ငရဲခန်း...."

ထိုအချိန်တွင်....လင်းလာသောနံရံထောင့်မှ...မီးတုတ်တိုင်များ...ဒီနေရာကြီးက....တကယ်ကြောက်မက်ဖွယ်ရာ....ဘေး၌လည်းလူအရိုးစုများရှိသေးသည်.....ပုပ်အဲ့အဲ့ညှီစူးစူးအနံများကလည်းတလှိုင်လှိုင်....

အရှင်ရှိရာသို့အာရုံစုလိုက်သောအခါ...အရှင့်ဘေး၌....ခပ်ထွားထွားရုပ်ဆိုးဆိုး....ယောက်ျားနှစ်ယောက်....

သူသိပ်ချစ်ရသောအရှင်၏မျက်ဝန်းအတွင်း၌...ဒေါသငွေ့များစွာ...

သူမအရှင့်အနားသို့တိုးကပ်၍.....အရှင့်ဒူးအားဖက်၍တောင်းပန်မည်အပြု.....အနောက်သို့ဆုတ်လိုက်သောအရှင်ကြောင့်....သူမ၏ရင်ဘတ်ပိုင်းနှင့်....မညီညာသော...ေကျာက်သားကြမ်းပြင်မှာ..ပြင်းထန်စွာထိခိုက်မိသည်....နာကျင်လိုက်တာအရှင်ရယ်....
သူဖြစ်ပျက်ခဲ့သမျှအရာအားလုံးအား....မေ့ထားကာ....အရှင့်အားမျက်နှာငယ်လေးနှင့်မေးလိုက်သည်.....

"အ..ရှင်က..ကျွန်မကိုဘာလို့ဒီနေရာကိုခေါ်လာတာလဲဟင်...."

"မင်းမသိချင်ယောင်ဆောင်မနေစမ်းနဲ့ဟန်မီဟွာ....မင်းလုပ်ခဲ့တဲ့အပြစ်ကိုမင်းသိမှာပါ...."

THE KING (Completed)Where stories live. Discover now