23(End)

1.4K 123 36
                                    

လိုချင်တာ ရှိရင်ရအောင်ယူတတ်ရတာ်ဆိုတဲ့စကားအတိုင်း....သိပ်ချစ်သိပ်ချစ်ခဲ့ရတဲ့နှင်းစအရယူခဲ့တယ်.....သူသိပ်ချစ်ရတဲ့နှင်းစက်ငယ်လေးအား.....မျက်ရည်ကျအောင်လုပ်ခဲ့တဲ့သူဟာ....သူ...မရနိုင်တဲ့အချစ်တစ်ခုကိုရအောင်အနုနည်းကော...အကြမ်းနည်းပါသုံးခဲ့ပေမယ့်....နှင်းစက်ငယ်လေးရဲ့နှလုံးသားဟာ...သူ့ထံ၌မရှိ။

အခန်းမှားဝင်လာပြီးအကြောက်လွန်ကာတစ်စက်စက်တုန်နေတဲ့ကောင်ငယ်လေးကို....အဲ့လောက်ထိစွဲလမ်းလိမ့်မယ်လို့မထင်ထားခဲ့ပေမယ့်.....စွဲလန်းသွားခဲ့ပြီလေ....

အဲ့ဒီနေ့ကအကြောင်းအရာတွေကိုလည်းသူသိခဲ့ပါသည်.....နှင်းစက်ငယ်လေးတောထဲမှညပျောက်သွားတဲ့နေ့က....
သူ့အားမျက်ခြေဖျတ်ခဲ့နိုင်ပြီဟုထင်ခဲ့သော....ကောင်ငယ်လေးမသိခဲ့သည်က...ထိုကောင်ငယ်လေးရဲ့အနောက်မှာ..သူကပ်ပါလာခဲ့သည်...

တစ်နေရာရောက်တော့နှင်းစက်ငယ်လေးကဟိုကြည့်ဒီကြည့်နဲ့ဖြစ်နေလို့....မျက်စိလည်နေသည်ထင်၍နှင်းစက်ငယ်လေးအနားသို့သွားရန်ပြင်လိုက်ပေမဲ့...

တစ်ဖက်စမ်းချောင်းမှဂျွန်ဂျောင်ဂုကပေါ်လာခဲ့သည်...

အဲ့တုန်းကဂျွန်ဂျောင်ဂုအားကိုယ်ရံတော်ဂျွန်ဟုတကယ်ထင်ခဲ့မိတာ....

သူတို့နှစ်ယောက်နမ်းနေသည့်အချိန်ရောက်မှ...ဂျွန်ဂျောင်ဂု မှန်းသိသွားခဲ့သည်....

သူတို့နှစ်ယောက်၏ခန်ဓာကိုယ်ပေါ်မှအဝတ်အစားများကွာကျနေသည့်အချိန်ထိသူရင်နာနာနှင့်ကြည့်နေမိသည်....

ဒေါသထွက်လွန်းခဲ့ပေမဲ့...နှင်းစက်ငယ်လေးဟာအစကတည်းကသူ့အားချစ်ခဲ့တာမှမဟုတ်....

နှင်းစက်ငယ်လေး၏ခြေထောက်အားစိုးရိမ်၍....ညကြီးသန်းခေါင်....နှင်းစက်ငယ် လေး၏အဆောင်အားသွားခဲ့ပေမဲ့...လမ်းခုလတ်မှပြန်လှည့်ခဲ့ရသည်...သူ့ထက်ဂရုစိုက်ပေးမည့်လူရောက်နှင့်နေချေပြီ
.ဂျွန်ဂျောင်ဂုနဲ့ဆိုသူလေး၏ရယ်သံလေးများတဆာဆာနှင့်....

ညဘက်စိတ်အပန်းဖြေရန်...ဥယျာဥ်တော်သို့မဟုတ်ဘဲ....နန်းတွင်း၏အနောက်ဖက်သို့ထွက်လာခဲ့လိုက်သည်.....ထိုအခု၌ကြားလိုက်ရသောစကားသံများ....

THE KING (Completed)Where stories live. Discover now