"အကိုဂျောင်ဂုက....သျှောင်ကို..ဘာအကြောင်းရှိလို့လာတာလဲဟင်""ရှိတာပေါ့...ကျွန်တော်ချစ်မြတ်နိုးရတဲ့သူလေးကိုသိမ်းပိုက်ဖို့က....သျှောင်အရှင်ရဲ့အကူအညီလိုအပ်တယ်လေ...."
ထိုစကားကိုကြားလိုက်သော...သျှောင်မင်းသမီး..အီဆို၏မျက်နှာလေးသည်...အနီရောင်လှိုင်းကလေးဖြတ်ပြေးသွားလေသည်....
အကိုဂျောင်ဂုက...သူ့ကိုသိမ်းပိုက်ဖို့သျှောင်ကိုလာခဲ့တာတဲ့လား....
ဖခင်ကိုတောင်အကူအညီတောင်းမလို့တဲ့အို.......ရှက်လိုက်တာနော်...သမီးကိုအပိုင်သိမ်းမဲ့ကိတ်စကို....အဖေနဲ့တိုင်ပင်နေတယ်တဲ့.....
အကိုဂျောင်ဂုက အရူးလေးပဲ...ဒီကသူသာချစ်ခွင့်ပန်ကြည့်...နှစ်ခါတောင်မငြင်းပဲ...လက်ခံမိမှာ... အကိုဂျောင်ဂုနဲ့ဆိုရင်...မိန်းမသားတစ်ယောက်ရဲ့ဂုဏ်ကိုတောင်ထိန်းနိုင်မည်မဟုတ်... သူကအကိုဂျောင်ဂုရဲ့နွံထဲမှာနစ်ချင်နေတာ.....
ဖခင်ကနန်းတွင်းကိုခေါ်လာကတည်းက....ယောက်ျားပီသတဲ့အကိုဂျောင်ဂုကိုမြင်မြင်ခြင်းကျွမ်းဝင်မိတာ....အကိုဂျောင်ဂုကိုအပိုင်ရမယ့်မိန်းကလေးက...တကယ်ကံကောင်းတဲ့လူဖြစ်မှာ....အဲ့မိန်းကလေးကလည်းသူပဲဖြစ်မှာပါ......
ပြီးတော့အကိုဂျောင်ဂုက...သျှီလာရဲ့ပျောက်ဆုံးနေတဲ့မင်းသားလေးတဲ့...
အရင်ကသျှီလာရဲ့ထီးနန်းကိုမမက်ပေမဲ့.....သူချစ်တဲ့လူကိုသိမ်းပိုက်ဖို့ကအာဏာလိုသည်တဲ့လေ....
အကိုကသူ့ကိုအဲ့လောက်တောင်တန်ဖိုးထားသည်တဲ့လား....
သူ့ကိုသိမ်းပိုက်ဖို့...သျှီလာထီးနန်းကိုတောင်ယူမယ်တဲ့....
ဒီက..သူဆင်းရဲသားလေးဆိုရင်တောင်...အဝတ်တထည်ကိုယ်တစ်ခုနဲ့သူ့နောက်လိုက်မိအုံးမှာ......
ကျွန်မအတွက်လိုအပ်နေတာ...အကို့ဘက်ကခြေတစ်လှမ်းပါပဲအကိုရယ်..
..."အကိုသိမ်းပိုက်ချင်တဲ့သူက...ဘယ်လိုပုံစံလဲဟင်...ပြောပြပါလား"
"သူကလား....သူကသိပ်ချစ်ဖို့ကောင်းတာ...အရမ်းလှတယ်...ခြေတံသွယ်သွယ်လေး...ပါးဖောင်းဖောင်းလေး...လက်ချောက်းကောက်ကောက်လေး....ပြီးတော့နှုတ်ခမ်းလေးကနှင်းဆီဖူးလိုလေးပဲ....သူ့မျက်နှာလေးကနှင်းဆီဖူးလေးနဲ့တကယ်တူတာ"
YOU ARE READING
THE KING (Completed)
FanfictionTaejinkook #crd pic ချစ်ခဲ့ ရပါတယ် ကောင်ငယ်လေးရယ် ။ အရာအားလုံးကိုယ့်အမှားပါကွယ် ။