16

646 91 38
                                    

သျှီလာဥယျာဥ်ထဲ၌ရှိသောရေကန်နံဘေး
တွင်ရပ်နေသော...ဆော့ဂျင်၏ခန်ဓာကိုယ်လေးအား...အရှင်ကအနောက်မှထွေးပွေ့လေသည်....

အရှင်ဟာတဇွတ်ထိုး....

ဆော့ဂျင်ရဲ့ပါးထဲသို့နှာခေါင်းနစ်ဝင်အောင်နမ်းရှိုက်သည်..

နှင်းစက်ငယ်လေး၏ပါးလေးများသည်...နီဆွေးသွားလေသည်...

ထုံးဖွဲ့ထားသောဆံနွယ်များအားဖြီချ၍ဆံနွယ်များအတွင်းသို့နှာခေါင်းတိုးဝင်လာသည်....

လက်များကရင်ဘက်သို့ဖိချေလျက်...
အရင်ကတော့ရုန်းကန်မိမှာအမှန်ပေမဲ့.....အခုဒီလိုမျိုးတွေထိကပါးရိကပါးလာလုပ်လဲ....မတွန်းလှန်နိုင်ပါ... ရုန်းမိလျှင်....နာကျင်ရသူကသူသာလျှင်....

လည်ဂုတ်ပေါ်သို့အနမ်းများချွေအပြီး....အထိမခံသည့်နားရွက်လေးများအား..စွဲစုပ်သည်....

"အ"

ဆော့ဂျင်၏နောက်ကျောအားပိုမိုထွေးပွေ့ကာ...လက်ချောင်းများအားဆွဲယူသည်...

လက်ချောင်းကောက်ကောက်လေးများအား...တစ်ချောင်းစီစုပ်ယူလျက်...ဆော့ဂျင်၏ပါးလေးအားဖျစ်ညှစ်လေသည်.....

"မင်းကိုနောက်အပတ်ကြရင်....တိုင်းပြည်ရဲ့မိခင်နေရာကိုပေးအပ်မယ်ဆော့ဂျင်..."

ထိုစကားအားကြားကြားချင်းဆော့ဂျင်ထိတ်လန့်သွားလျက်..အရှင့်မျက်နှာအားမော့ကြည့်သည်...အရှင်ကတော့သူ့ဆံနွယ်များအားဆော့ကစားလျက်...

"မလန့်နဲ့နှင်းစက်ငယ်ရယ်....မက်းကိုကိုယ်က...ပထမနေရာတွေကြည့်ပေးချင်လို့ပါ...."

"မင်းကကိုယ့်နှလုံးသားရဲ့ပထမ...ကိုယ့်ရဲ့အရှင်လေးလေ..နှင်းစက်ငယ်...."

ထိုစကားအား ကြားသောအခါ...ဆော့ဂျင်၏မျက်ခမ်းစလေးများစိုစွတ်သွားသည်...

တောင်းပန်ပါတယ်...ကျွန်တော်ကအရှင့်ကိုပြန်မချစ်နိုင်လို့..ဒီလိုအခြေအနေတွေမရှိခဲ့ဘဲ...ကျွန်တော်တို့ကသာမန်ကောင်လေးတွေဆိုရင်...ကျွန်တော်တို့မိတ်ဆွေတွေဖြစ်လို့ရတယ်နဲ့တူတယ်နော်...

"ဆော့ဂျင်သိလား.....ကိုယ်ကဘယ်သူ့ရဲ့အချစ်ကိုမှမရခဲ့ဖူးဘူး...ကိုယ့်ရဲ့အမေ...အဖေ...ဘယ်သူ့ဆီကမှလေ...အဟက်..ကိုယ်ကလဲမတောင့်တခဲ့ပါဘူး...ဒါပေမဲ့လေ ကိုယ်မင်းကိုမြင်တော့....မင်းကိုတကယ်ပိုင်ဆိုင်ချင်ခဲ့မိတာ....အဲ့ဒီနေ့ကအခန်းမှားဝင်ခဲ့တဲ့နှင်းစက်ငယ်လေးကိုလေ....အစကတော့ပိုင်ဆိုင်ယုံပဲဆိုပေမဲ့....အချိန်ကြာလာတာနဲ့အမျှ ကိုယ်က...မင်းရဲ့ဆိုင်သူဖြစ်ချင်လာတယ်ဆော့ဂျင်....မင်းကိုယ်တိုင်ကလက်ခံပေးတဲ့လူပေါ့....."

THE KING (Completed)Where stories live. Discover now