5

931 123 31
                                    

"ဂျောင်ဂု ရေ..... ဂျောင်ဂု လို့..... ဟက်ချိုးးးးး ဂျောင်ဂုလို့ အင့်.....အီးဟီး "

"ဟာ....ဆော့ ဂျင်ဘာလို့ငိုနေတာလဲ.."

"ဂျောင်ဂုက ငါခေါ်တာ မှ ပြန်မထူးတာ....အင့်...ငါကဝမ်းနည်းတာပေါ့လို့ ဟင့်....ဟက်ချိုး.."

"ကိုယ်ဘာလို့ စကားမပြောတာလည်းကော
ဆော့ဂျင်သိရဲ့လား.. "

"အီးဟီးးးးး ဟက်ချိုး... ငါတောင်းပန်ပါတယ် ဟင့်... ငါ က ပျင်းနေလို့ပါ...အဲ့တာကြောင့်ဘဘေးအိမ်က. ...ကောက်ညှင်းထုပ်လေးခေါ်တာကိုလိုက်သွားမိတာပါ.... ဟင့်....
ပြီးတော့ငါ လည်း ရေကန်သွားချင်နေတာနဲ့... သွားမိတာပါ... အီးဟီး းးး"

"အဲ့တာကို ကိုယ့်ကို ဘာလို့ပြောပြီးမသွားတာလဲ ဆော့ဂျင်"

"အင့်... ဂျောင်ဂုက ပြောပြီးသွားရင်
သွားခိုင်း... ဟင့်...သွားခိုင်း မှာမှ မဟုတ်တာ..ဟက်ချိုးး"

"အခုတော့မင်းဖျားပီမလား"

"ဟင့်...ဖျားမယ်ဆိုတာ ငါမှကြို မသိတာ...သိရင်ဘာလို့သွားနေသေးမှာလဲ.."

"အရူးလေး စကားတော်တော်တတ်တယ်"

"အဲ့စောင်ပုံထဲ ကနေ အပြင်ထွက်မလာနဲ့နော်
..ကိုယ်ဆေးကြိုပေးမယ်...
မသောက်ချင်လို့မရဘူးနော်....
"

"ဟင့်....ဂျောင်ဂုက လူဆိုး...အင့်.. သူများမသောက်ချင်တာ ကို အတင်းတိုက်တယ်..."

"မငိုနဲ့တော့ ဆော့ဂျင်ရယ်.... ေခါင်းတွေ ကိုက်နေလိမ့်မယ်.. နေကောင်းပျောက်အောင်တော့သောက်ရမှာပဲ..."

"ဟုတ်...."

"တော်လိုက်တာ ကိုယ့်ကလေးလေးက "

ထို့နောက်ဂျောင်ဂုလည်း ဆေးကြိုရန်ပြင်ဆင်နေလေသည်။

အဲ့ အဆိုးလေးဟာလေ...သူ့စကားကိုနားမထောင်....ဆူပြန်ရင်လည်းမျက်နှာငယ်လေးနဲ့ ...နှာခေါင်းတွေနီ ရဲ အောင် ငိုပြလိုက်သေး...
ညနေခင်းတုန်းကဆို သူလယ်ခင်းက ပြန်လာတော့ သူ့အမောပြောလေးအား ပြန်လာလာခြင်းမြင်ချင်ခဲ့ပေမဲ့
ထို ကောင်လေးဟာရှိမနေ ရွာထဲ သွားတယ်လို့ထင်ပြီး
ရေမိုးချိုးပြီးစောင့်နေလိုက်သည်....
ထိုအချိန်ထိ အနှီ ကောင်လေးက ပြန်မရောက်သေး.....
နေဝင်ခါနီးပြီဖြစ်သော​ကြောင့် စိုးရိမ်နေချေပီ...
ထိုတော့မှပြန်ရောက်လာသည့်အနှီပေါက်စ ...
တကိုယ်လုံးလည်းရေတွေစိုရွှဲ ပြီး နှာလေး တရှုံရှုံ့....ေဘးမှာလည်း
ဟိုဘက်အိမ်က..ကောက်ညှင်းထုပ်လေးကလည်းသူ့လိုပဲ ရေတွေစိုရွှဲလို.....
သေချာပါပီ ဒီ ကလေး ရေကန်ဘက်က ပြန်လာတာ.....ထို့နောက် သူ့အား အဝတ်အစား လဲ ပေးပြီး... စကားမပြောပဲ နေနေသောကြောင့်..... ဆော့ချင်က သူ့အား ချော့နေသေးသည်။
သူ့မှာ ဆော့ဂျင်က'ဂျောင်ဂု ရေ'လို့ခေါ် လိုက်တာနဲ့တင်လူ ကပျော့ချင်နေပြီ..
ခနနေတော့ အဲ့ ကလေးပေါက် ကထ ငို ပါလေရော....
ဂျွန်ဂျောင်ဂု တို့များ ပျာယာတွေကို ခတ်ပြီး ငို နေတဲ့ ကောင်လေး ကို ထွေးပွေ့လိုက်ရသေးသည်ံ....
ဟုတ်တာပေါ့ သူက မှား တာ ဆော့ဂျင်လေးက ဖျားနေတာ ကို သူက စကားမပြောတော့ သူလေးဝမ်းနည်းရှာ မှာပေါ့ .....
ခနနေလောက်မှ ထိုကောင်လေး အငိုတိတ် သွားတော့.... ေစာင်ပုံလေးထဲ တွင် ထားခဲ့၍.... သူလေးအဖျားပျောက်ကင်းဖို့လုပ်ဆောင်ရပေသည်..

THE KING (Completed)Where stories live. Discover now