21

661 93 22
                                    

မှန်ထဲ၌ထင်ဟပ်​ေနသောသူမ၏ပုံရိပ်အားသူမငေးကြည့်နေမိသည်....ဘာလို့များသူမအားရှိတယ်မထင်သည့်ယောက်ျားတစ်ယောက်အားအသေအလဲချစ်မိနေပါသနည်း.....
အရူးလိုပါပဲအကို့ကိုချစ်မိတာ....

အကိုက ကျွန်မရဲ့အပိုင်ဖြစ်ပေးလို့မရဘူးလားကွယ်....

သူမ၏နှုတ်ခမ်းနီရဲရဲပေါ်သို့... တိုင်းတစ်ပါးမှလက်ဆောင်ရခဲ့သော..ဆိုးဆေးနီရဲရဲအားထပ်တင်လိုက်သည်.....

ကျွန်မကမပြည့်စုံလို့လားအကိုရယ်.....

သူမအဲ့နေ့ကမြင်လိုက်ပါသည်..။အကိုနဲ့ကင်ဆော့ဂျင်တို့ကို....အကိုဂျောင်ဂုပြန်မလာသေး၍......တောထဲ၌နေရာအနှံလိုက်ရှာခဲသည်......တစ်နေရာအရောက်မြင်လိုက်ရသည်ကအမောဆို့ဖွယ်.....အကို့ရင်ခွင်ထဲမှာကင်ဆော့ဂျင်ကအဝတ်အစားမပါဘဲလဲလျောင်းနေခဲ့သည်...

အဲ့အချိန်က ဒေါသအရမ်းထွက်ခဲ့လို့....သူတို့ပြန်လာတဲ့လမ်းတနေရာမှစောင့်ကာ...
ကင်ဆော့ဂျင်ဆီကိုပဲတမင်သက်သက်ချိန်ရွယ်ပြီးဓားနဲ့ပေါက်ခဲ့တာ...
အကိုဂျောင်ဂုသာအဲ့ကောင်ကိုမကယ်ခဲ့ရင်အဲ့အကောင်သေနေလောက်ပြီ....အဟက်...ပြင်းလိုက်တဲံအသက်....
စိတ်ချပါ...နောက်တခါရအောင်သတ်ပေးမယ်.....

ဝတ်လစ်စလစ်ဖြစ်နေသောသူမ၏ကိုယ်ခန်ဓာပေါ်သို့....နီရဲရဲပိုးသားအင်ကျီအပါးလေးအားဝတ်ဆင်လိုက်လေသည်...
ကောက်ကျစ်သည့်မျက်ဝန်းများနှင့်မာန်မာနများသာရှိမနေလျှင်...သူမသည်နှင်းဆီပန်းလေးတစ်ပွင့်ကဲ့သိူ့လှပပေလိမ့်မည်......

ခါးစည်းကြိုးအားစည်းနှောင်၍တစ်ယောက်သောသူအားစောင့်မျှော်နေလိုက်သည်.....

"ကျွန်တော့ကိုခေါ်တယ်ဆိုမင်းသမီး..."

ဂျောင်ဂုမှာသူ့အရှေ့၌မလုံ့တလုံဝတ်ဆင်ထားသည့်သူမအားမြင်သောအခါ...အလျှင်အမြန်ပင်ခေါင်းအားငုံ့ချလိုက်လေသည်.....

"ေအာ်....အကိုဂျောင်ဂုလာပြီလား..."

"ဘာအကြောင်းများရှိလို့ပါလဲ..."

ခေါင်းငုံ့ထားသောအကိုဂျောင်ဂုအား,အားမလိုအားမရဖြစ်ကာ....အကို ့အနားသို့တဖြည်းဖြည်းလျှောက်သွားလျက်....အကို့ရင်ဘက်ပေါ်သို့သူမ၏လက်ချောင်းသွယ်သွယ်များအားတင်ကာ...ပွတ်သပ်ပေးမိသည်.....

THE KING (Completed)Where stories live. Discover now