Lady Boss and Bad Girl CHP-1

3.2K 126 4
                                    

#Unicode
ကြီးကျယ်ခမ်းနားလှတဲ့ အိမ်ကြီးအောက်
Pradoကားအနက်ကြီး ဝင်လာသည်နှင့်
တပြိုင်နက် ခြံတံခါးပြေးဖွင့်ပေးသူ
ကားတံခါးပြေးဖွင့်သူတွေပျာယာခတ်ကုန်သည်

"မမလေး ဒီနေ့ပြန်လာတာစောတယ်နော်"

"ဟုတ်တယ် ခေါင်းထဲသိပ်မကြည်လို့
ဘယ်အလုပ်ကပဲဖုန်းလာလာကြည့်ဖြေထားလိုက်
ဒီနေ့ဘာမှမလုပ်ချင်သေးဘူး"

"ဟုတ်ကဲ့ပါ မမလေး"

ကြီးမားလှတဲ့ခြံဝန်းကြီးထဲ လှပတင့်တင်စွာ
တည်ရှိနေတဲ့ ခရမ်းရောင်တိုက်ကြီးကလဲ
မသေးလှပေ
အိမ်ရှင်က ‌တစ်ယောက်ထဲရှိပေမဲ့
ခန့်ထားတဲ့အလုပ်သမားပေါင်းက
အိမ်တော်ထိန်း သန့်ရှင်းရေး အဝတ်လျှော် မာလီ
စားဖိုမှူး အဝတ်အစားစီစဉ်သူနဲ့
တခြားသော အလုပ်များအတွက်
ခန့်ထားတဲ့အလုပ်သမားပေါင်းက
10ယောက်ထက်မနဲ.......

"ဟေ့ အားလုံးနားထောင်ကြ
ဒီနေ့မမလေးကြည့်ရတာ စိတ်မကြည်ဘူးနော်
နင်တို့အားလုံး ဂရုစိုက်ပြီးအလုပ်လုပ်ကြကြားလား"

"ဟုတ်ကဲ့ပါ"

အိမ်တော်ထိန်းဦးကြည်သိန်းကတော့
ဒီအိမ်တော်ရဲ့မမလေးအတွက် အယုံကြည်ရဆုံး
လူတစ်ယောက်ဆိုလဲ မမှားဘူးပေါ့

သူ 10တန်းအောင်ခါစနှစ်ကတည်းက
မိဘတွေက နိုင်ငံခြားကိုပြောင်းရွှေ့
နေထိုင်ကာ တခြားမောင်နှမတွေက
မိဘတွေနဲ့အတူလိုက်သွားပေမဲ့
သူကတော့ အဲ့ဒီအချိန်ကတည်းက
မိဘတွေထားခဲ့တဲ့ လုပ်ငန်းတစ်ခုကိုဦးဆောင်ကာ
မြန်မာပြည်မှာသာ အခြေချနေထိုင်ရင်း
သူ့လက်ထက်မှ ခွဲထွက်ပြီးအောင်မြင်နေတဲ့
Companyတွေဆိုင်တွေကလဲ မနဲမနောပင်

ထက်လဲထက်မြတ် လှလဲလှ မာနလဲအရမ်းကြီးပြီး
လုပ်ငန်းပေါင်းများစွာကို ဦးဆောင်နေတဲ့
တိမ်လွှာဝင့်လွင်ဆိုရင် ကြီးကြီးငယ်ငယ်
ရွယ်ရွယ်လတ်လတ် လုပ်ငန်းရှင်မှန်သမျှက
သဘောကျရသူပေါ့........
ရည်းစားတွေတော့ထားနေပေမဲ့ ယခုအသက်
28နှစ်ထိတိုင်တောင် အိမ်ထောင်ကမပြုသေး
အိမ်ထောင်မပြုဆို သူ့ကိုလိုက်တဲ့သူတွေ
များသလောက်သူကတော့ ဂရုတောင်မစိုက်
တခါတလေသဘောကျတဲ့သူတွေ့လို့တွဲလိုက်ရင်လဲ
အလွန်းဆုံးမှ တလထက်မပို ဘယ်သူ့ကိုမှလဲ
ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကိုမှ
ပေးပြီးမထိတွေ့စေပါ........

Lady Boss and Bad GirlWhere stories live. Discover now