Lady Boss and Bad Girl-CHP5

1K 75 4
                                    

#Unicode
ဒီမနက်တော့ တိမ်လွှာက
နေမကောင်းတာမို့
ရုံးမတက်ဘူး ဦးဦးပြောတာနဲ့
နှင်းတစ်ယောက် ရုံးကိုဖယ်ရီနဲ့သာ
လိုက်လာခဲ့သည်

ရုံးရောက်ပြီး တိမ်လွှာ့စားပွဲသန့်ရှင်းရေးလုပ်
စာရင်းထိုင်ကြည့်နေရုံရှိသေး
နေမကောင်းပါဘူးဆိုတဲ့ Bossက
ဖြူဖတ်ဖြူလျော်နဲ့ ရောက်ချလာပြန်တယ်

"Boss နေမကောင်းတာကို
ဘာဖြစ်လို့မနားရတာလဲ တစ်ရက်တလေ"

"ငါမရှိရင် ဒီကအလုပ်တွေက
ဘယ်သူလုပ်မလဲ အဲ့လောက်ကြီး
ဖြစ်တာလဲမဟုတ်ပါဘူး
ဆေးလဲသောက်လာတယ်"

"ဆေးသောက်လာတယ်သာပြောတာ
မျက်နှာက ဖြူဖတ်ဖြူလျော်နဲ့
လူမမာရုပ်ကို"

"တော်စမ်း ကလေးမ
ကိုယ့်အလုပ်ကိုယ်သာဂရုစိုက်
ငါဘာမှမဖြစ်ဘူး"

"စိတ်ပူလို့စေတနာနဲ့ပြောတာကိုလဲ
စေတနာမှန်းမသိ"
ဒါကတော့ နှင်းတစ်ယောက်
နေမကောင်းတာ တကယ်ကို
နားစေချင်လို့ ပြောမိတာကို
အော်ခံလိုက်ရလို့ မကျေနပ်ပဲ
ပွစိပွစိပြောလိုက်ခြင်းသာ.....

တိမ်လွှာလဲ တရုံးလုံးက သူ့ကိုဖိန့်ဖိန့်တုန်အောင်
ကြောက်ပေမဲ့ ဒီကလေးမကတော့
သူမကျေနပ်ရင် ပွစိပွစိလေးပြန်ပြောတတ်တာကို
အစပိုင်းကတော့ 'မကျေနပ်ဘူးလား
ဘာပြောတာလဲ' ပြန်ပြန်မေးတတ်ပေမဲ့
ခုနောက်ပိုင်းတော့ လွှတ်ထားလိုက်ရသည်

ဒီနေ့အရေးကြီးတဲ့ အစည်းအဝေးရှိလို့သာ
ရုံးကိုမဖြစ်မနေလာရပေမဲ့ တိမ်လွှာတကယ်
နေရထိုင်ရအဆင်မပြေပေ
ခါတိုင်းဆို ခေါင်းနောက်လာရင်
ဆေးသောက်ခဏနားလိုက်ရင်
အဆင်ပြေပေမဲ့ ဒီနေ့ကဘယ်လိုမှ
အဆင်မပြေ......

အစည်းအဝေးကို အားတင်းလုပ်ခဲ့ပေမဲ့
ပြီးသွားတဲ့အချိန်မှာတော့ ခေါင်းက
မတရားကိုမူးလာလို့ ရုံးခန်းထိ
ရောက်အောင် ဆက်အားတင်းလျှောက်ခဲ့ပေမဲ့
ရုံးခန်းထဲအရောက်မှာတော့ အရုပ်ကြိုးပျက်
လဲကျသွားသည်

နှင်းလဲ ကိုယ့်ရှေ့ကလျှောက်နေတဲ့Bossက
နဲနဲမူမမှန်တာ သတိထားမိပေမဲ့
မနက်ကလိုအော်ခံထိမှာစိုးလို့
မမေးရဲမတွဲရဲပဲ အသာလေးသာ
ကပ်လိုက်လာရင်း အခန်းထဲအရောက်
လဲကျသွားတော့ အလန့်တကြား
ထအော်မိတော့တယ်

Lady Boss and Bad GirlWhere stories live. Discover now