Lady Boss and Bad Girl CHP-9

999 70 2
                                    

#Unicode
တကယ်ကို နောက်တရက်
ရုံးသွားချိန်ကျ အိမ်ရှေ့ကို
ကားနဲ့ရောက်ချလာပြီး
နှင်းကို လာခေါ်ပေးသည်

"ကလေးမ လာတက်"

ဒီနေ့တော့ မနေ့ကလိုမဟုတ်ပဲ
Bossဘေးကနေ လိုက်ပါလာရတာက
နှင်းအတွက် လွတ်လပ်ပေါ့ပါးသလို
ခံစားနေရတယ်

"ဘာစားလာသေးလဲ"

"နှင်း ကော်ဖီနဲ့မုန့် စားလာပါတယ်"

"လမ်းမှာ တစ်ခုခုစားချင်သေးလား"

"မစားတော့ပါဘူး နေ့လည်ကျမှ
ထမင်းစားတော့မယ်"

"အင်း ပြီးတာပဲ"

"ဟုတ်ကဲ့ Bossရောဘာစားလာလဲ"

"ငါလဲ ကော်ဖီပဲသောက်လာတယ်"

ရုံး‌ရောက်တော့ မသိင်္ဂီဝင်လာပြီး

"ဒီနေ့ ဘဏ်ထုတ်စရာရှိတယ်Boss
အဲ့ဒါ လက်မှတ်လေးထိုးပေးပြီး
သွားထုတ်ခိုင်းလိုက်တော့မယ်နော်"

"အဲ့ကိစ္စထားလိုက် နေ့လည်ကျ
ငါကိုယ်တိုင်သွားလိုက်တော့မယ်
စက်ရုံကပစ္စည်းတွေ ရောက်မယ်ဆိုတာကရော
ဘယ်အချိန်လဲ"

"ညနေ ၃နာရီမှပါ Boss"

"အင်း ဒါဆို အချိန်မှီပါတယ်
အခုမနက်ပိုင်း လက်မှတ်ထိုးစရာတွေ
ရှိရင် တစ်ခါတည်းယူခဲ့လိုက်"

"ဟုတ်ကဲ့ပါ Boss"

နေ့လည် ထမင်းစားချိန်ရောက်တော့
မသိင်္ဂီတို့နဲ့ ထမင်းသွားစားမယ်အလုပ်

"ကလေးမ"

"ရှင် Boss"

"ငါနဲ့လိုက်ခဲ့
Lunchကို အပြင်မှာပဲစားကြမယ်"

"ဟုတ်ကဲ့"

"ဘာစားချင်လဲ"

"မနေ့က နှင်းကြိုက်တာတွေ
လိုက်ကျွေးပြီးပြီဆိုတော့
ဒီနေ့ Bossကြိုက်တာစားပါ
နှင်းက ဘာပဲစားစား
အဆင်ပြေတယ်"

"ဒါဆို ထမင်းပဲသွားစားကြတာပေါ့"

နှစ်ယောက်သား ထမင်းစား
ဘဏ်ကိုပိုက်ဆံဝင်ထုတ်ပြီး
ပြန်လာကြတော့
Bossအခန်းထဲ ဧည့်သည်တစ်ယောက်
ရောက်နေသည်

"Hi Boss"

"ဘာလာလုပ်တာလဲ ဆက်ပိုင်"

"ဒီဘက် လမ်းကြုံလို့ခဏဝင်လာတာ
နင်အပြင်သွားတယ်ဆိုတာနဲ့
ထိုင်စောင့်နေတာ"

Lady Boss and Bad GirlWhere stories live. Discover now