Lady Boss and Bad Girl-CHP-16

951 66 6
                                    

#Unicode
နှင်းလဲ ဆေးရုံမှာ
အန်တီစောင့်ပေးနေတာနဲ့
အိမ်ပြန်ပြီး ထမင်းချက်ပြုတ်ပေး
အဝတ်တွေလျှော်‌ဖွတ်ပေး
အိမ်သန့်ရှင်းရေးလုပ်နဲ့
မနက်လင်းကတည်းက မနားရသေး

နှင်းတို့မောင်နှမ လေးယောက်မှာ
နှင်းကအကြီးဆုံးဖြစ်ပြီး
ညီမလေးနဲ့နှင်းကတော့
အသက် 2နှစ်လောက်သာကွာသည်
အဲ့ဒီအောက်မှာတော့ အသက်10နှစ်အရွယ်
အမွှာမောင်လေး နှစ်ယောက်ရှိပြီး
ဖေဖေဆုံးပြီးကတည်းက အမေမုဆိုးမကြီး
တစ်ယောက်တည်းက လုပ်ကျွေးခဲ့တာပင်....
အခုတော့ နှင်းကလဲအလုပ်ဝင်လုပ်ပြီး
ထောက်ပံ့ပေးနေတာမို့
အမေ့ကိုသက်သက်သာသာလေး နေနေရတယ်
ထင်ထားပေမဲ့ အခုတစ်ရက်လေး
အိမ်အလုပ် လုပ်ရတာတောင်
တကယ်ကို မလွယ်ကူလှပါ

နှင်းလဲ ထမင်းချက် အဝတ်လျှော်ပြီး
ရေချိုးမလို့ ခဏနားနေတုန်းမှာပဲ
ခြံထဲကို ကားဝင်လာသံကြားလို့
ထွက်ကြည့်လိုက်တော့ ကားပေါ်ကဆင်းလာတဲ့
လူနှစ်ယောက်ကြောင့် မျက်လုံးပြူးသွားရပြီး
ကြောင်ကြောင်လေးသာ ရပ်ကြည့်နေမိတယ်

တိမ်လွှာကားပေါ်ကဆင်းလာတော့
အိမ်ပေါက်ဝကနေ ဘာမှလဲမပြောပဲ
ရပ်ကြည့်နေတဲ့ ကလေးမ အနားကိုသွားကာ

"ဘာ‌တွေအဲ့လောက်ကြည့်နေတာလဲ ကလေးမ"

"Bossနဲ့ ဦးဦး ဘယ်လိုဖြစ်ပြီး
အိမ်ကိုရောက်လာကြတာလဲဟင်"

"မမလေးက ရောက်ဖူးချင်တယ်ဆိုလို့
လိုက်ပို့ပေးတာ သမီး
ရပ်မနေနဲ့လေ မမလေးကိုအိမ်ထဲခေါ်လေ"

"ဪ ဟုတ်
ဝင်လာပါ Boss
ရုတ်တရက်ကြီးဆိုတော့
နှင်းအံ့ဩသွားလို့ပါ"

"အဲ့လိုအံ့ဩစေချင်လို့
ကလေးမကို ကြိုမပြောတာပေါ့"

"ဦးဦး Bossအတွက်
ဘာသွားဝယ်ပေးရမလဲဟင်"

"ရတယ် ခဏနေမှ
ဦးဦး မြို့ထဲသွားပြီး
လိုတာလေးတွေ သွားဝယ်လိုက်မယ်
အခုလဲ Bossနေဖို့
ဦးဦးအိမ်ကို လူငှားပြီး
သန့်ရှင်းရေးသွားလုပ်လိုက်ဦးမယ်
Bossကို ဧည့်ခံထားလိုက်ဦးနော်"

"ဟုတ်"

"ရပါတယ် ဦးကြည်ရဲ့ သွားပါ
တိမ်လွှာ့အတွက် အဆင်ပြေတယ်"

Lady Boss and Bad GirlWhere stories live. Discover now