Lady Boss and Bad Girl-CHP 15

910 67 8
                                    

#Unicode
ဒီနေ့ဆို တိမ်လွှာ
ကလေးမကို ဖွင့်ပြောထားတာ
တစ်ပတ်တောင်ကျော်ပြီ
စဉ်းစားချိန်‌လေးပေးပါဆိုလို့
ဘာမှမပြောပဲ စောင့်ကြည့်နေပေမဲ့
ကလေးမဘက်ကတော့ အဲ့ဒီကိစ္စကို
မရှိခဲ့သလိုနေနေပြီး အစတောင်မဖော်

'ပိတ်ရက်ကျရင်တော့
ကလေးမကို အပြင်ခေါ်သွားပီး
အဖြေကို မရရအောင်တောင်းရမည်' ဟု
တွေးကာ ကြားထဲဘာမှမပြောပဲ
လွှတ်ထားပေးလိုက်သည်

နှင်းတစ်ယောက်မှာလဲ
Bossဖွင့်ပြောပြီးတဲ့ အချိန်ကတည်းက
အမျိုးမျိုး စဉ်းစားနေခဲ့ပေမဲ့
အဖြေကမထွက်လာ
Bossကကိုယ့်ကိုယ် အတိအလင်း
ဖွင့်ပြောပြီးမှ Lesbianအကြောင်းကို
စေ့စေ့စပ်စပ် လေ့လာမိတယ်
တစ်ခါမှလဲ ချစ်သူရည်းစားမထားဖူးတော့
အခု Bossကိုသာ အဖြေပေးလိုက်ရင်
နှင်းစတွဲရမဲ့သူက အခြေအနေချင်းအရမ်းကွာ
ကိုယ်ကလဲ လေးစားကြောက်ရွံ့ရသူမို့
အဆင်ပြေနိုင်ပါ့မလား
အမျိုးမျိုးတွေးတောနေမိတော့သည်

ဒီလိုတွေ တွေးနေရလို့
Bossကိုငြင်းမယ်ပြန်စဉ်းစားတော့လဲ
နှင်းမလုပ်နိုင်ပါ မဖွင့်ပြောခင်ထဲက
နှင်းအတွေးတွေထဲရော နှလုံးသားထဲရော
Bossက စိုးမိုးထားပြီးသားမဟုတ်ပါလားးးးးး

နှင်းညနေရုံးကပြန်လာတော့
ကိုကြီးကအိမ်ပြန်ရောက်ပြီး
ဒေါ်ဒေါ်နဲ့ စကားပြောနေသည်

"ကိုကြီး ပြန်ရောက်နေတာလား"

"ဟုတ်တယ် ညီမလေး"

"သမီးအကိုဒေါသအိုးကတော့
သူ့သူငယ်ချင်းနဲ့ စကားများလာတာတဲ့"

"ဟုတ်လားကိုကြီး နှင်းကြောင့်
စကားများကြတာလား"

"အဲ့ဒါလဲပါပေမဲ့ ညီမလေးကိစ္စ
တစ်ခုထဲကြောင့်တော့ မဟုတ်ပါဘူး
ဒီကောင်ခုတလော နဲနဲလူပါးဝနေလို့"

"နှင်းကြောင့်ဖြစ်တာလဲပါရလို့ တောင်းပန်ပါတယ်နော်"

"ညီမလေးက ဘာတောင်းပန်စရာလိုလို့လဲ
ဒီကောင်ကအစထဲက ပွေပွေရှုပ်ရှုပ်
ညီမလေးကို ထပ်နှောက်ယှက်ရင်
အကို့ကိုပြောနော်"

"ကိုကြီးကိုလှမ်းပြောတဲ့ နေ့ကတည်းက
မနှောက်ယှက်တော့ပါဘူး"

Lady Boss and Bad GirlWhere stories live. Discover now