Lady Boss and Bad Girl CHP-19

1.1K 65 3
                                    

#Unicode
"Boss ဘာလို့
မျက်ရည်တွေ ကျနေတာလဲ"

ကလေးမ ပြောမှ
တိမ်လွှာကိုယ့်ပါးကိုယ်
ပြန်စမ်းကြည့်မိသည်

"မသိဘူး ကလေးမ
ငါ့ခံစားချက်ကို မပြောပြတတ်ဘူး
အဲ့ဒါမပြောပြတတ်လောက်အောင်
ပျော်ရွှင်နေလို့ ကျတဲ့မျက်ရည်တွေပါ"

ကလေးမရဲ့ အနမ်းတချက်နဲ့
ချစ်တယ် ဆိုတဲ့စကားလေး
တစ်ခွန်းက တိမ်လွှာ့အတွက်
ဘလိုမှ အဖိုးဖြတ်မရလောက်အောင်
မြတ်နိုးလွန်းစရာ ကောင်းနေသည်

"မျက်ရည်တွေ သုတ်ပေးမယ်နော်"

ကိုယ့်ပါးပေါ်က မျက်ရည်စလေးတွေကို
ငြင်ငြင်သာသာလေး သုတ်ပေးနေတဲ့
ကလေးမရဲ့ လက်ကို
အသာအယာ ပြန်ဆုပ်ကိုင်လိုက်ပြီး

"ငါ့ကို ပြန်ချစ်ပေးလို့
ကျေးဇူးအများကြီးတင်ပါတယ်
ငါ့အပိုင်ဖြစ်လာပေးတဲ့ ကလေးမကို
တသက်လုံး တန်ဖိုးထားချစ်ပေးပြီး
ဂရုစိုက်စောင့်ရှောက်ပါ့မယ်လို့
ငါ့အသက်နဲ့ရင်းပြီး ကြိမ်ဆိုကတိပေးပါတယ်"

ဒီတစ်ခါမှာတော့ တလှည့်ပြန်ပြီး
မျက်ရည်လေးတွေ ဝေ့ဝဲလာသူကတော့
နှင်းပဲပေါ့ ရင်ဘတ်ထဲက နှလုံးသားတစ်ခုလုံး
နွေးထွေးပြီး Bossလိုလူတစ်ယောက်ဆီက
အခုလို ဂရုစိုက်ခံ အချစ်ခံရတာဟာ
တကယ်ကို ဘာနဲ့မှမတူတဲ့
ကံကောင်းခြင်းတမျိုး မဟုတ်ပါလား

ကိုယ့်ပြောစကားတွေအောက် ဘာတခွန်းမှ
ပြန်မပြောပဲ ပြုံးပြုံးလေးကြည့်ပြီး
မျက်ဝန်းစမှာ မျက်ရည်လေးတွေ
ရစ်ဝဲနေတဲ့ ကလေးမရဲ့
နှုတ်ခမ်းလေးကို အသာအယာငုံ့နမ်းလိုက်ပြီး

"ချိုမြိန်လိုက်တာ"

ဒီတရက်ကတော့ နှစ်ယောက်သားရဲ့
အချစ်တွေ ထပ်တူကျသွားကြတာမို့
ရုံခန်းလေးထဲ အချစ်တွေနဲ့
ပြည့်နှက်နေပြီး အလုပ်တောင်
သိပ်မလုပ်ဖြစ်လိုက်ကြပါ

"မနက်ဖြန် ကလေးမရော
ငါရော မနက်ပိုင်း အလုပ်လာဖြစ်မှာ
မဟုတ်ဘူးနော် အရေးကြီးလုပ်စရာရှိရင်လဲ
နေ့ခင်းပိုင်းကို ရွှေ့ထားလိုက်"

"ဟုတ်ကဲ့ပါ Boss"

"အင်း ဒါဆို ရုံးဆင်းနှင့်ပြီ"

Lady Boss and Bad GirlWhere stories live. Discover now