Lady Boss and Bad Girl CHP-6

1.1K 82 10
                                    

#Unicode
ဒီမနက်တော့
နှင်းရုံးသွားဖို့ ပြင်နေတုန်းမှာပဲ
ဦးကြည်က အခန်းတံခါးလာခေါက်ပြီး

"သမီးရေ တိမ်လွှာလေးကဖုန်းဆက်တယ်
ဒီမနက် ရုံးကိုတန်းမသွားပဲ
အိမ်ကိုလာခဲ့ပါဦးတဲ့"

"ဟုတ်ကဲ့ဦးဦး ခဏလေးနော်"

ဦးဦးပြောစကားကြောင့် ပြင်နေရင်း
ကျန်တာတေကို နှင်းအမြန်လက်စသတ်ကာ
အခန်းထဲကထွက်လာခဲ့သည်

"ဒီတူဝရီးနှစ်ယောက် ဘာတွေလောနေကြတာတုန်း
စောသေးတာကို"

"ဟုတ်တယ်ပြုံးရေ တိမ်လွှာလေးက
ဘာအရေးကြီးလို့လဲမသိဘူး
နှင်းကိုခေါ်ပြီး အိမ်ကိုစောစောလာခဲ့ပါ
ဖုန်းဆက်လို့"

"ကဲ ဟုတ်ပါပြီ Breakfastလေးတော့
ဝင်သလောက်စားသွားကြဦး"

Breakfastစား ဒေါ်ဒေါ့်ကိုနှုတ်ဆက်ကာ
ထွက်လာပြီးနောက် ကားပေါ်ရောက်တော့
ဦးဦးဆီ Bossဆီကဖုန်းဝင်လာပြန်တယ်
ဦးဦး ဖုန်းပြောအပြီး နှင်းလဲသိချင်တာနဲ့

"ဘာဖြစ်လို့Bossက အရေးတကြီး
ခေါ်နေတာလဲဦးဦး"

"ဦးဦးလဲမသိဘူး ဟိုရောက်မှပဲသိမှာ"

Bossရဲ့အိမ်ရောက်တာနဲ့
ဦးဦးက စာကြည့်ခန်းထဲ
ပို့ခဲ့တော့ နှင်းတစ်ယောက်တည်း
ကျန်နေခဲ့ရပီး ခဏအကြာမှ
တိမ်လွှာရောက်လာကာ

"ရောက်ပီလား ကလေးမ
ဒီမနက် စာရင်းလုပ်စရာလေးတွေရှိလို့
အိမ်ကိုအစောခေါ်လိုက်တာ
အဆင်ပြေတယ်မလား"

နှင်းလဲ ရုံးချိန်မကျသေးပဲ
အိမ်ကိုမနက်အစောခေါ်ကာ
အလုပ်ခိုင်းတဲ့ Bossဖြစ်သူကို
မကျေနပ်တာနဲ့

"ဟုတ် အလုပ်ကတော့
ရုံးချိန်အတွင်းပဲ လုပ်ချင်တာဆိုပေမဲ့
အရေးကြီးတယ်ဆိုရင် နှင်းလုပ်ပေးပါ့မယ်"

"အေ အဲ့ဒါဆိုပီးတာပဲ
တစ်ခါတည်းတော့ပြောထားမယ်
အရေးကြီးလုပ်စရာရှိရင်တော့
ကလေးမကို အချိန်မရွေးခေါ်ခိုင်းမယ်
အဲ့လိုပဲသိထား"

"အဲ့ဒါဆိုရင်တော့ အချိန်ပိုကြေး
သက်သက်ပေးရမယ်"

နှင်းပြန်ပြောလိုက်တဲ့ စကားကြောင့်
တိမ်လွှာ့မှာ ဘာဆက်ပြောရမလဲမသိ
ဖြစ်သွားရပီး

Lady Boss and Bad GirlWhere stories live. Discover now