Lady Boss and Bad Girl CHP-12

997 66 3
                                    

#Unicode
ကိုယ်တောင်းဆိုတာကို
ကလေးမ အလိုမကျတာ
သိတော့လဲ တိမ်လွှာကိုယ့်စိတ်ကိုယ်
ပြန်ထိန်းထားကာ ထပ်မတောင်းဆိုမိအောင်
နေဖြစ်သည်

ခုရက်ပိုင်း Bossကအရင်လို
ပြန်တည်ငြိမ်လာတော့လဲ
နှင်းမနေတတ် ဖြစ်နေရပြန်တယ်
ဒါကြောင့်လဲ ခဏတာဂရုစိုက်ခံရမှုတွေ
ခဏတာပျော်ရွှင်မှုတွေကို နှင်းမုန်းတာ
တခြားသူတွေအတွက်တော့ ခဏတာ
သာယာမှုတွေအဖြစ် ပြီးဆုံးသွားကြပေမဲ့
နှင်းတို့လိုတစ်ခုခုဆို အဆုံးထိတွေးပြီး
ရင်ဘတ်နဲ့ခံစားတတ်တဲ့သူတွေကတော့
ခဏတာနဲ့ ပြီးဆုံးသွားမဲ့အရာတွေကို
တကယ်မုန်းပါသည်

"သမီးလေး"

"ရှင် ဒေါ်ဒေါ်"

"ခုတလော Bossနဲ့ရန်ဖြစ်ထားကြတာလား"

"မဖြစ်ပါဘူးဒေါ်ဒေါ် ဘာလို့လဲ"

"Bossအိမ်သွားတာ မတွေ့တော့လို့လေ"

"ရန်ကတော့မဖြစ်ပါဘူး
Bossအိမ်မသွားဘူးဆိုတာကလဲ
သူမခေါ်လို့ပါ Bossတို့လိုလူတွေအတွက်က
ဒါဖြစ်ချင်ရင်ဒါ ချက်ချင်းထလုပ်တတ်ကြပြီး
ပြီးရင်လဲ သူတို့မဟုတ်သလိုပဲ
ပြောင်းလဲသွားကြပြန်ရောနော် ဒေါ်ဒေါ်"

"သမီးလေးစိတ်ထဲ
တစ်ခုခုဖြစ်နေလို့လား
ဒေါ်ဒေါ့်ကို ပြောပြချင်ရင်ပြောလို့ရတယ်နော်"

"နှင်း ဒေါ်ဒေါ့်ကို
ပြောလဲပြောပြချင်တယ်
ဘယ်လို စပြောရမလဲဆိုတာလဲမသိဘူး"

"ဘာအကြောင်းမို့လဲသမီးလေး
အလုပ်ထဲမှာမပျော်တော့ရင်
အချိန်မရွေးထွက်ခဲ့လို့ရတယ်နော်"

"အဲ့လိုမဟုတ်ပါဘူး
Bossကလေ ပြီးခဲ့တဲ့ရက်တွေက
နှင်းကို ထူးဆန်းတဲ့စကားတွေပြောတယ်"

"ဘာတွေပြောတာလဲ
ဒေါ်ဒေါ့်ကို ပြောပြချင်လား"

နှင်းလဲဘယ်က စပြောရမလဲမသိတာနဲ့
"ထားလိုက်ပါတော့ ဒေါ်ဒေါ်ရယ်
Bossက ပေါက်ကရတွေ
လျှောက်ပြောတာပဲ နေမှာပါ
နှင်းလဲ စိတ်ထဲမထားတော့ဘူး"

"အင်းပါအင်းပါ
အဆင်မပြေတာ တစ်ခုခုဆို
ဒေါ်ဒေါ့်ကို ပြောပြနော်"

"ဟုတ်ကဲ့ပါရှင့်"

နှင်းလဲ Bossပြောခဲ့တဲ့စကားတွေကို
မေ့မေ့ပျောက်ပျောက် နေနေပေမဲ့
အဲ့လိုစကားတွေကို ထပ်ပြောခံရဖို့လဲ
မသိစိတ်က မျှော်လင့်မိနေသေးတာ

Lady Boss and Bad GirlTempat cerita menjadi hidup. Temukan sekarang