Lady Boss and Bad Girl-CHP 17

1K 65 6
                                    

#Unicodeညက နှင်းဖုန်းကြည့်ရင်း အိပ်ပျော်သွားတာ
Bossဘယ်အချိန်အိပ်လဲတောင် မသိလိုက်
ခုမနက်ကျ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလိုက်တာ

နှင်းလဲငုတ်တုတ် ထထိုင်ကာ
Bossအိပ်နေတာလေးကို
ခြေစခေါင်းဆုံး စေ့စေ့စပ်စပ်
ထိုင်ကြည့်နေမိပြီး
'အလုပ်တွေအားလုံးပစ် ကိုယ်ရှိရာဆီလိုက်လာပြီး
ကိုယ်နဲ့ရော ကိုယ့်ပတ်ဝန်းကျင်နဲ့ပါ
အဆင်ပြေပြေ လိုက်လျောညီထွေ
နေပေးကာ ပျော်ရွှင်နေတာက
တကယ်ပဲ ငါ့ကိုမြတ်မြတ်နိုးနိုး
ချစ်တာလား'

တကယ်ဆို Bossက နှင်းအနေနဲ့ကြည့်ရင်
အလုပ်အကိုင်ထက်မြက်လွန်းပြီး
သိပ်ကိုလှပတဲ့ မထိရက်မတို့ရက်စရာ
မိန်းမသားလေး မဟုတ်ပါလား
နှင်းရင်ထဲ ဝင်ရောက်နေပြီးသားBossကို
နှင်းအနေနဲ့ ချစ်တယ်မပြောနိုင်တာက
တခြားကြောင့်မဟုတ်ပဲ မြတ်နိုးလွန်းပြီး
မထိရက်မကိုင်ရက် စိတ်ထဲ
ကိုယ်နဲ့မတန်မရာလို့ တွေးမိနေတဲ့
အတွေးတွေ စိုးမိုးနေတာကတဝက်
ပါဝင်နေလို့များလား

တစ်ယောက်ထဲ အိပ်နေတာလေး
ထိုင်ကြည့် အတွေးတွေနယ်ကျွံနေမိကာ
ခဏအကြာမှ သတိပြန်ဝင်လာပြီး

"မဖြစ်သေးပါဘူး Bossနိုးလာရင်စားဖို့
တစ်ခုခုလေး စီစဉ်ရဦးမှာပဲ"

အိပ်ရာကထ မျက်နှာသစ်ပြီး
ဦးဦးကိုမတွေ့တာနဲ့ ဖုန်းဆက်ကြည့်တော့
Bossစားဖို့ မြို့ထဲသွားဝယ်ပြီး
ပြန်တောင်လာနေပြီတဲ့

ဦးဦးပြန်လာလို့ ထွက်ကြည့်လိုက်တော့
တူးတူးနဲ့ထူးထူးပါ ကားပေါ်ကဆင်းလာကြပြီး
ပြုံးလို့ရွှင်လို့

"အမယ် ဒီနှစ်ကောင် မြို့ထဲပါသွားတာပေါ့လေ"

"ဟုတ်တယ် သမီးရေ
ဒီနှစ်ယောက်ဗိုက်ကိုလဲ လှန်ကြည့်ဦး
စားတာစားတာဆိုတာ ဗိုက်ကိုတင်းကားပြီး
အင်းတောင် ထိုးလာကြတယ်"

"အစားပုတ် နှစ်ကောင်
နင်တို့ Bossရဲ့ကားကိုလိုက်စီးပြီး
ညစ်ညစ်ပတ်ပတ်တွေတော့ မလုပ်လာကြပါဘူးနော်"

"မ‌ညစ်ပတ်ပါဘူး မကြီးရဲ့
သားတို့သန့်သန့်ရှင်းရှင်းလေးပဲလိုက်တာပါ"

Lady Boss and Bad GirlOù les histoires vivent. Découvrez maintenant