Lady Boss and Bad Girl CHP-20

1K 42 4
                                    

#Unicode
ချစ်အဖြေပြန်ပေးရင်
ဂရုစိုက်မှုလေးတွေ
ပျက်ပြယ်သွားမလား
နှင်းစိုးရိမ်ခဲ့ပေမဲ့
အခုကျ ချစ်ခံရတာ ဂရုစိုက်ခံရတာက
အရင်ကထက်တောင် ပိုနေပြီး
နှင်းအတွက်တင်မက နှင်းမိသားစုအတွက်ပါ
ဘာတစ်ခုမှကို လိုလေသေးမရှိပေ

အခုလဲ နှင်း တောင် အိပ်ရာမနိုးသေး
တံခါးခေါက်လို့ ထဖွင့်ပေးလိုက်တော့
ပြုံးပြုံးကြီးနဲ့ ရပ်နေတဲ့ဘော့စ်

"ဒယ်ဒယ် ဘယ်နှနာရီ
ထိုးသွားလို့လဲ နှင်းအိပ်ရာထနောက်ကျနေတာလား"

"နောက်မကျပါဘူး ငါကစောနေတာ"

"စောကြီး ဘာဖြစ်လို့ထလာရတာလဲ
ပင်ပန်းအောင်လို့"

"မပင်ပန်းစေရင် လိုက်အိပ်လို့ခေါ်တာကို
တပတ်လောက်ရှိပြီလေ ကလေးမ ကမှ
လိုက်မအိပ်တာ"

ဟုတ်ပါတယ် စတွဲတဲ့နေ့ကတည်းက
ညနေတိုင်း သူနဲ့လိုက်အိပ်ဖို့
စည်းရုံးနေတဲ့ ဘော့စ်ကို
အမျိုးမျိုးကို အကြောင်းပြရှောင်ကွင်းကာ
နှင်းလိုက်မအိပ်ဖြစ်

"ခဏစောင့်ဦးနော် အာ့ဆို
နှင်း ရေမြန်မြန်ချိုးလိုက်မယ်"

"ရပါတယ် အေးဆေးလုပ်
ငါစောင့်နေမယ်"

နှင်းကို အရမ်းချစ်ပေး အလိုလိုက်ပေးပေမဲ့
ခုထိ အခေါ်အဝေါ်နဲ့ အပြောအဆိုကတော့
မပြောင်းနိုင်သေးတဲ့ဘော့စ်
နှင်းဘက်ကသာ ဒယ်ဒယ် ဟု
ပြောင်းလဲခေါ်ဝေါ်ခဲ့ပေမဲ့
ဘော့စ်ကတော့ အရင်အတိုင်းသာ
ဒါတွေက အရေးမကြီး ဘော့စ်ပြုမူတတ်သလိုသာ
နေစေချင်တာမို့ နှင်းလဲထွေထူးပြီး
မတောင်းဆိုဖြစ်ခဲ့ပါ

နှင်းရေချိုးပြီး ပြန်ထွက်လာတော့
နှင်းရဲ့ အိပ်ရာထက်မှာ ဝင်လှဲကာ
နှင်းလှုပ်ရှားသမျှကို မျက်တောင်မခတ်
လိုက်ကြည့်နေပြန်သည်

"မျက်လုံးကြီးလဲ ကျွတ်ကျသွားဦးမယ်ရှင့်
အဲ့လောက်လိုက်ကြည့်နေတော့
ဒီမယ် ဘာလုပ်ရမှန်း မသိတော့ဘူးနော်"

"မသိတော့ရင်လဲ မတတ်နိုင်တော့ဘူး
ဖြစ်နိုင်ရင် ဘာအလုပ်မှကို မလုပ်တော့ပဲ
တနေကုန်ထိုင်ပြီး ခုလိုတစိမ့်စိမ့်ပဲ
ကြည့်နေချင်တော့တာ တကယ်
ညဘက်တွေဆိုလဲ ကလေးမကို
လွမ်းလွန်းလို့ မိုးမြန်မြန်လင်းပါစေဆိုပြီးသာ
ဆုတောင်းနေမိတော့တာ
ငါ့ကို ဘာတွေနဲ့များ ပြုစားထားသလဲ"

Lady Boss and Bad GirlDove le storie prendono vita. Scoprilo ora