Lady Boss and Bad Girl CHP-3

1K 74 4
                                    

#Unicode
နှင်းလဲမနက်စောစောထကာ
ပြင်စရာရှိတာပြင်ပြီး ဦးကို
ထိုင်စောင့်နေလိုက်သည်

"ငါ့တူမ ဝီရိယကောင်းလှချည်လား"

"ဦးသွားချိန်မပြီးမှာစိုးလို့ စောစောထပြင်ထားတာ"

"ဒါဆိုလာ Breakfastစားကြမယ်"

"သမီးလေး အလုပ်ထဲမပျော်ရင်
ချက်ချင်းပြန်လာခဲ့နော်"

"ပြုံး မင်းကလဲကလေးကို ဘယ်လိုတွေ
မှာနေတာလဲ"

"ကျွန်မက အစတည်းကမလုပ်စေချင်တာ
ရှင်သိရဲ့သားနဲ့"

ဦးနဲ့ဒေါ်ဒေါ်ပြောတာကို နှင်းပြုံးပြီးသာ
ကြည့်နေမိတယ်

"သမီး တိမ်လွှာလေးကနဲနဲတော့
စည်းကမ်းတင်းကြပ်တယ်နော်
သမီးသည်းခံနေရမယ်
နောက်ကျသူ့အကြောင်းသိသွားရင်
အဆင်ပြေသွားမှာပါ"

"ဟုတ်ကဲ့ပါ ဦး"

"ဒါဆို သွားကြမယ်"

"ထမင်းချိုင့်ယူပြီးလား သမီး"

"ဟုတ်ကဲ့ဒေါ်ဒေါ် ယူပြီးပါပြီ
သမီးသွားပြီနော်"

"အေအေ ဂရုစိုက်သွားနှစ်ယောက်လုံး"

"ဟုတ်ကဲ့"
"Yes sir"

အန်တီမှာတဲ့စကားကို ဦးနဲ့နှင်း
နှစ်ယောက်လုံးနာခံပြီးမှ ထွက်လာခဲ့ကြသည်
ဦးဦးလိုယောက်ျားမျိုးကို ရထားတဲ့
အန်တီပြုံးက သိပ်ကိုကံကောင်းသလို
အန်တီပြုံးကိုရထားတဲ့ ဦးကလဲကံကောင်းတာပါပဲ
မိသားစုသုံးယောက်ပဲရှိတဲ့ အေးချမ်းတဲ့
သူတို့ဘဝလေးထဲကို
ရောက်လာရတဲ့နှင်းကလဲ
အေးချမ်းပျော်ရွှင်နေရပါတယ်

"သမီးဒီမှာထိုင်စောင့်နေဦးနော်
ခဏနေကျ မမလေးBreakfastစားမှာမို့
ဦးစီစဉ်ပေးလိုက်ဦးမယ်"

"ဟုတ်ကဲ့"

နှင်းလဲ ဧည့်ခန်းကပဲထိုင်စောင့်ရမှာပျင်းတာနဲ့
ခြံထဲဆင်း လမ်းလျှောက်ရင်းဟိုဒီလိုက်ကြည့်နေမိသည်
အိမ်ရှေ့တည့်တည့်မှာတော့ ဘေးကကားဝင်ပေါက်ပြီးရင်
စိမ်းစိုနေတဲ့မျက်ခင်းကြီးနဲ့ အိမ်ဘေးတဖက်ခြမ်းမှာက
သစ်ခွပန်းနှင်းဆီပန်းနဲ့ တခြားနှင်းမသိတဲ့ပန်းအမျိုးအစား
တွေလဲပါဝင်တဲ့ ဥယာဉ်သေးလေးတစ်ခုရှိပြီး
နောက်တဖက်မှာတော့ ကားသုံးစီးဆန့်တဲ့
ကားဂိုဒေါင် ခပ်ကြီးကြီးတစ်ခုက သူ့နေရာနဲ့သူ
လှပစွာတည်ရှိနေကြသည်

Lady Boss and Bad GirlWhere stories live. Discover now