Lady Boss and Bad Girl CHP-4

1K 72 2
                                    

#Unicode
နှင်း ဒီရုံးမှာ အလုပ်လုပ်တာ
တစ်လပြည့်ပြီမို့ အကုန်လုံးနီးပါး
အသားကျသလိုဖြစ်နေပေမဲ့
Bossဖြစ်တဲ့တိမ်လွှာနဲ့တော့ သိပ်ပြီး
အသားမကျသေး

အသားမကျဆို သူ့အကြိုက်ဖြစ်အောင်
နေဖို့က လွယ်မှမလွယ်ကူပဲ
အလုပ်လုပ်ရင်လဲ နဲနဲလေးမှားလိုက်တာနဲ့
အလိုမကျဖြစ် နေပုံထိုင်ပုံကလဲ
ဆင်ခြင်နေရတော့ တခန်းထဲအလုပ်လုပ်ရတဲ့
နှင်းအတွက်တော့ စိတ်ကျဉ်းကြပ်တာအမှန်ပင်

ဒီနေ့လဲ ရုံးရောက်တည်းက
အလုပ်သမားတစ်ဦးကို အလိုမကျဖြစ်ပြီး
စိတ်တိုနေတော့ နှင်းတစ်ယောက်
Bossအခြေနေကိုကြည့်ပြီး အလိုက်တသိ
နေနေရသည်

"Boss ဒါကမသိင်္ဂီပေးထားတဲ့စာရင်းတွေကို
ပြန်စစ်ထားတဲ့ဖိုင်ပါ အားလုံးအဆင်ပြေတာမို့
လက်မှတ်ထိုးရုံပါပဲ"

"အေ တင်ခဲ့လိုက်
ပြီးရင် ခုဏအလွဲလုပ်တဲ့အလုပ်သမားကို
သုံးလစာကြိုပေးပြီး ချက်ချင်း
အလုပ်ထုတ်လို့ မသိင်္ဂီကိုသွားပြောလိုက်"

"ဟုတ်ကဲ့"

ဟုတ်ကဲ့လို့ပြောပြီး ထွက်လာပေမဲ့
Bossဆိုတဲ့ တိမ်လွှာ့ကို နှင်းတကယ်ဘဝင်မကျ
မာကျောလွန်းတာသိပေမဲ့ တကယ်တမ်း
အနီးကပ်နေတော့ ရက်စက်လွန်းတတ်တာကိုပါ
မြင်တွေ့လာရပြီး အလုပ်ဆက်လုပ်ဖို့တောင်
စိတ်ကသိပ်မပါတော့.......

"မသိင်္ဂီ Bossက ခုဏကအလွဲလုပ်တဲ့
အလုပ်သမားကို သုံးလစာကြိုပေးပြီး
အလုပ်ထုတ်လိုက်ပါတဲ့"

"အင်းကောင်းပြီ ညီမလေး
အစ်မလုပ်ပြီးရင် Bossဆီ
သွားတင်ပြလိုက်မယ်နော်"

"အဲ့အလုပ်သမားကို တကယ်အလုပ်ထုတ်ဖို့
လိုလို့လားဟင် ဘယ်လောက်ထိ
အမှားလုပ်လို့လဲ"

"မလွဲသင့်တဲ့ ဘဏ်စာရင်းကို
မှားတာ နှစ်ခါရှိပြီမို့ပါ Bossက
ဒါမျိုးအမှားကို လက်မခံနိုင်တာ
ညီမလေးလဲ မှတ်ထားနော်"

"ဟုတ်"

နှင်း ရုံးခန်းထဲပြန်ဝင်လာတော့
ပင်ပန်းနေပုံနဲ့ ထိုင်ခုံမှာ ကျောမှီပြီး
အနားယူနေတဲ့ တိမ်လွှာ့ကိုမြင်လိုက်ရပြီး

Lady Boss and Bad GirlWhere stories live. Discover now