Lady Boss and Bad Girl CHP-7

1K 75 2
                                    

#Unicode
ဒီနေ့တော့ အစည်းအဝေးတက်စရာ
ရှိတာနဲ့ 9နာရီမထိုးခင် ရုံးကို
တိမ်လွှာတစ်ယောက် အရောက်လာခဲ့ပြီး

"သိင်္ဂီရေ အစည်းအဝေးတက်ရမဲ့
ဖိုင်တွဲလေးပြင်ပြီးရင် ရုံခန်းထဲလာပို့လိုက်နော်"

"ပို့ထားပါပြီ Boss
အားလုံးပြင်ပြီး နှင်းကိုပေးထားလိုက်ပါပြီ"

မသိင်္ဂီပြောမှပဲ နှင်းရုံးတက်တယ်ဆိုတာ
တိမ်လွှာသိလိုက်ရသည်

"ရောက်ပြီလား Boss
ကော်ဖီပူပူလေး ဖျော်ပေးပါမယ်"

ကိုယ်အခန်းထဲရောက်တာနဲ့
တန်းနှုတ်ဆက်ပီး ကော်ဖီဖျော်ဖို့
ထွက်သွားတဲ့ ကလေးမ
နေကောင်းပြီလားလို့ မေးဖို့တောင်
အချိန်မရလိုက်

နှင်းကော်ဖီခွက်ကိုင်ပြီး
ပြန်ဝင်လာတော့
"နေကောင်းပြီလား ကလေးမ"

"ဟုတ်ကဲ့ Boss နေကောင်းပါပြီ"

တိုတိုတုတ်တုတ်ပြောကာ
ပြန်လှည့်သွားတဲ့ နှင်းကိုကြည့်ကာ
တိမ်လွှာတစ်ယောက်အားမလိုအားမရ
ဖြစ်နေပြီး

"ဆရာဝန်ပို့ပေးတာကို ကျေးဇူးတင်
စကားလေးတောင် မပြောတော့ဘူးလား"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

ဒီကလေးမ ဘာဖြစ်နေပါလိမ့်
ကိုယ့်ကိုစကားပြောတာ
အရင်ကထက်ပိုပြီးတောင်
တိုတုတ်ပြီး ဂရုမစိုက်တဲ့ပုံစံ
ဖြစ်နေသည်ကို တိမ်လွှာ့စိတ်ထဲ
မရိုးမရွဖြစ်နေရသည်

"ဒီနေ့ နေကောင်းခါစဆိုတော့
အလုပ်ကိုနားနားနေနေလုပ်"

အမိန့်ဆန်ဆန်စကားဆိုပေမဲ့
ဂရုစိုက်မှုတွေ ရောထွေးနေတယ်ဆိုတာ
တိမ်လွှာ ကိုယ့်ကိုယ်ကိုပင်
သတိမထားမိ........
ဒီကလေးမကို ထပ်ပြီး
မဖျားစေချင်တာတော့ အမှန်ပင်
ဘာကြောင့်ရယ်မသိ ဒီဂျစ်ကန်ကန်
ကလေးမ မရှိတဲ့နှစ်ရက်အတွင်း
အလုပ်လုပ်ရတာ စိတ်မကြည်ပေ

ကလေးမ တစ်ယောက်ကတော့
တိမ်လွှာပြောနေလဲ
"ဟုတ်ကဲ့"
ဆိုသည့်စကားနှင့်ပင်
ဘာဆိုဘာမှထပ်မပြော

နှစ်ယောက်ကြား ခဏတာတိတ်ဆိတ်ပြီးနောက်

"အစည်းအဝေး တက်ဖို့အချိန်ကျပါပြီBoss"

Lady Boss and Bad GirlDonde viven las historias. Descúbrelo ahora