Lady Boss and Bad Girl CHP-10

1K 81 3
                                    

#Unicode
နှင်းတရေးနိုးလာလို့ ကြည့်လိုက်တော့
အနဲငယ်ကြောင်သွားရသည်
ကိုယ့်အခန်းလဲမဟုတ်
ငါဘယ်သူ့အခန်းထဲ ရောက်နေတာလဲ
တွေးရင်း အိပ်ချင်မူးတူးဖြင့်
ဘေးတစ်ဖက်ကို လှည့်လိုက်တော့
တစ်ယောက်ယောက် ပါးကို
သွားနမ်းမိပြီး

"အမလေး ပလုတ်တုတ်"

ဘယ်သူကြီးမှန်းလဲ မသိပဲ
နှင်းအတော်လန့်ကာ ထထိုင်မိသွားသည်

ဘေးကို ဖုန်းအရစမ်းကာ
ဖုန်းမီးကို ဖွင့်ကြည့်လိုက်တော့
အိပ်ချင်မူးတူးဖြင့် ထလာတဲ့
Bossကိုမြင်ပြီး

"Boss"

"အင်း ကလေးမ
ဘာဖြစ်လို့လဲ"

"ဟို ဘာ ဘာမှမဖြစ်ပါဘူး"

"အာ့ဆို ပြန်အိပ်တော့"

"ဟုတ်"
ဟုတ်ဟုပြောကာ နှင်းပြန်လှဲလိုက်တော့
စောင်ဆွဲယူကာ နှင်းကိုသေချာခြုံပေးပြီး

"အိပ်တော့"

"Boss"

"အင်း"

"ညက နှင်းကိုနှိုးတာမရလို့
မပြန်ဖြစ်လိုက်တာလား"

"မဟုတ်ဘူး
ငါလဲမပြန်ချင်တော့တာနဲ့
အိပ်လိုက်တာ"

"မဝတ်ရည်ရော"

"တရေးနိုးကို ဘယ်လိုဖြစ်လို့
သူ့ကို ထမေးနေတာလဲ"

"ဪ မဟုတ်ပါဘူး
နှင်းတို့က သူ့အခန်းထဲအိပ်နေလို့မေးတာပါ"

"မမေးနဲ့ ပြန်အိပ်တော့ဆို"

"Boss"

"ဝေ့ ဘာလဲလို့"

တိမ်လွှာ စိတ်မရှည်တဲ့လေသံနဲ့
ပြန်ထူးလိုက်တော့
နှင်းဆက်မပြောရဲတော့ပဲ
အသံတိတ်သွားရသည်

"အိပ်မပျော်ဘူးလား"

"ဟုတ် နှင်းခေါင်းကိုက်နေလို့"

"ဟုတ်လား အရမ်းဆိုးနေလား"

"ဟုတ် ဒီနားက ဒိန်း ဒိန်း နဲ့
ထိုးနေတာ"

နှင်းညွှန်ပြရာ နားထင်နားကို
တိမ်လွှာစမ်းကြည့်လိုက်တော့

"ဟုတ်တာပဲ
ခဏလေးစောင့် ဆေးသွားမေးလိုက်မယ်"

တိမ်လွှာပြောလဲပြော ချက်ချင်းထသွားပြီး
"ဝတ်ရည်ရေ ဝတ်ရည်"

Lady Boss and Bad GirlWhere stories live. Discover now