"အား အ နာတယ်"
"ငြိမ်ငြိမ်နေလေ မင်းကလှုပ်နေတော့နာမှာပေါ့"
"တော်ပြီ မထည့်နဲ့တော့"
"ဒီလောက်ဒါဏ်ရာတွေအများကြီးကို ဆေးမထည့်လို့ရမလားကွ"
မင်းဟန်အော်လိုက်သောအခါ ငြိမ်ကျသွားသော ရိုးရာမောင်သည် ဆိုဖာအောက်ခြေသို့ ခပ်တွေတွေငေးနေသည်။မင်းဟန်သည် ကိုင်ထားသော အရက်ပြန်နှင့်ဂွမ်းကိုဘေးစားပွဲတွင် အသာအယာတင်၍ ကျောပေးထိုင်နေသော ရိုးရာနောက်ကျောကိုကြည့်၍သက်ပြင်းချလိုက်သည်။
"ကဲ ဘယ်လိုဖြစ်တာလဲ ငါ့ကိုပြောပြဦးမှာလား"
"......"
"ဒီမှာ အခုအခြေအနေမှာ မင်းမှာလည်းငါဘဲရှိသလို ငါ့မှာလည်းမင်းဘဲရှိတယ် ငါ့ကိုမပြောရင်မင်းဘယ်သူ့ကိုသွားပြောမှာလဲ ဟမ်"
"ကောင်းတာတွေမဟုတ်လို့ မသိချင်ပါနဲ့"
"ဟာ မင်းဟာကမဟုတ်သေးဘူး မင်းအခက်အခဲကိုပြောပြမှ ငါကသူငယ်ချင်းတစ်ယောက်အနေနဲ့တတ်နိုင်တာ ကူညီပေးလို့ရမှာလေ မင်းဒီလောက်တောင်ဖြစ်လာတဲ့ဟာ Privacy ဆိုပြီးတော့ ငါလွှတ်ပေးမှာမဟုတ်ဘူး မပြောရင် မင်းလည်းငါ့ကိုသူငယ်ချင်းလို့မသတ်မှတ်နဲ့တော့"
တိခနဲပြတ်ပြတ်သားသားပြောနေသော မင်းဟန်ကြောင့် ရိုးရာမောင် သူ့မျက်နှာကိုလှည့်ကြည့်မိတော့ စိတ်ပူပန်မှုနှင့် ဂရုဏာဒေါသတို့သာရောယှက်နေသော အရိပ်အယောင်တွေ့သည်။ညနေက ဒယီးဒယိုင်ပြန်ရောက်လာသော ရိုးရာသည် သတိတောင်ကောင်းစွာမရှိ။အိမ်အထဲရောက်သည်နှင့် ခွေယိုင်ပစ်လဲကျတော့သည်။မင်းဟန် စိုးရိမ်တကြီးကောက်ပွေ့သည်နှင့် အထိမခံတုန်ခါနေသောကြောင့် အဝတ်များလှန်ကြည့်လိုက်ရာ ကျောကုန်းတွင်နီရဲစုတ်ပြတ်အရေပြားစတွေပါလန်နေသည်။ပါးတွင်လည်း အနီရောင်အစင်းကြီးသည်ကန့်လန့်ဖြတ်တည်ရှိနေသည်။
သတိအနည်းငယ်ပြန်လည်လာသောအခါ ခြေရောလက်သာမက တစ်ကိုယ်လုံးတုန်ယင်နေသော သူသည် တစ်စုံတစ်ခုအား အသည်းအသန်ကြောက်လန့်နေဟန်တူသည်။ကယောင်ကတန်းပြော၍ သူ့ကိုယ်သူအား လက်တွေဖြင့်အုပ်၍ကာကွယ်ထားသည်။အလွန်အမင်းတုန်လှုန်နေသော သူ့အား မင်းဟန် မနည်းချော့မှ သတိပြန်ကပ်သည်။မျက်လုံးစုံပိတ်၍ အကြောက်အကန်တုန်ရီနေသော ရိုးရာအသွင်သည် မင်းဟန်တစ်ခါမှမမြင်ဖူးသော အသွင်သစ်ဖြစ်သည်။ပုံမှန်အေးဆေးလွန်းသော သူ့တွင် မထင်မှတ်စရာကိစ္စတစ်ခုရှိနေသည်မှာကျိန်းသေသည်။ယနေ့မနက်ကပင် သူ့အမေဆီသွားဦးမယ်ပြောခဲ့သေး၏။
ВЫ ЧИТАЕТЕ
The Moonlit Trunk(လရောင်ပင်စည်)
Любовные романыဆုတောင်းတွေကို မယုံပေမယ့် အမြဲဆုတောင်းဖြစ်တယ် ယုံကြည်မှုဖြင့် Gloomy~