"တီးတောင်"
ခြံတံခါးဘဲလ်သံကြောင့် အာရုဏ်ဦးသည် သံဗန်းတံခါးအား အပြေးသွားဖွင့်လိုက်သည်။တံခါးဖွင့်လျှင် ဖွင့်လိုက်ခြင်း သူ့၏ကိုယ်ပေါ်သို့ လေးဖင့်ဖင့် အရာကြီးကမှီတွဲကျလာသည်။
"အာ လွမ်းနာ(နေတာ) ကိုကိုရယ်"
လုပ်ယူထားသော ရုံပတီသီးချွဲပြစ်ပြစ်သံသည် အလွန်တရာ နားကြားပြင်းကပ်ဖို့ကောင်းသည်။လက်တို့ကိုယှက်သွယ် သိုင်းဖတ်ကာ ကိုယ်လုံးကြီးပစ်ဝင်လာသောသူကြောင့် အာရုဏ်တစ်ကိုယ်လုံးယားကျိကျိ။
"ဖယ်စမ်းပါ ယားတယ်"
"ငြိုငြင်တာလား ကိုကိုက"
"တော်ပါတော့ ယောကျာ်းဘသား နှစ်ကောင်ရယ် တောင်းပန်ပါတယ်"
တွေ့တွေ့ချင်းဆောက်နှင့်ထွင်းမှ နေသာထိုင်သာရှိဟန်တူသော ဇွဲရောင်ထင်နှင့် ဇေသူရတို့သည် မျက်နှာပိုးသတ်၍အိမ်ထဲသို့ဝင်လာခဲ့သည်။ဧည့်ခန်းထဲတွင်ထိုင်နေသော မေမေသည် သူတို့ကိုမြင်သည်နှင့် ရွှင်ပျသွားသည်။
"ဟော သူရနဲ့ကိုဇွဲ ဘယ်ကလမ်းမှားလာတာတုန်း"
"မေစုဆီလာတာလေ မေစုအတွက် မြေအိုးမြီးရှည်ဝယ်လာပေးတာ"
"အမယ်လေး ကိုသူရတို့က သိတတ်ချက်နော် ရောက်တုန်းထမင်းစားသွားကြ"
"မစားတော့ဘူး မေစု သားတို့ဆိုင်မှာစားခဲ့တယ် လမ်းကြုံလို့မေစုတွက်မြေအိုးမြီးရှည်ဝယ်လာတာ"
"အပင်ပန်းခံလို့ရှင်တို့ရယ်"
"ပင်ပန်းစရာလား မေစုအတွက်ဘဲဟာ"
"မင်းတို့မေမေတွေရော နေကောင်းကြရဲ့လား"
"ကောင်းတယ် မေစုအိမ်ကိုလာလည်ဦး"
"ဟုတ်တယ် မေမေတို့လည်းမေးတယ် မေစုနေကောင်းလားတဲ့"
"အေးကွယ် ဒီရက်ပိုင်းမိုးတွေသည်းနေတာနဲ့ အားမှ နှစ်ယောက်လုံးအိမ်လာခဲ့ပါဦးမယ်"
ကိုယ့်အိမ်ကိုယ့်ယာလို ဝင်ထိုင်ပြီး အမေနဲ့ ဖောင်ဖွဲ့နေသော ဤနှစ်ကောင်သည် ရောက်ခါနီးမှဖုန်းဆက်၍ ဆိုင်းမဆင့်ဗုံမဆင့်ရောက်ချလာသည်။
ESTÁS LEYENDO
The Moonlit Trunk(လရောင်ပင်စည်)
Romanceဆုတောင်းတွေကို မယုံပေမယ့် အမြဲဆုတောင်းဖြစ်တယ် ယုံကြည်မှုဖြင့် Gloomy~