Part-32

385 30 3
                                    

ခရစ္စမတ်နေ့ဖြစ်သောကြောင့် ကုန်တိုက်တွင်လူများသည်ပုံမှန်ထက်စည်ကားနေသော်လည်း ရိုးရာမောင် City Mart အတွင်းသို့ဝင်၍ ကိတ်မုန့်အတွက်လိုအပ်သည်များရွေးချယ်ဝယ်ယူလိုက်သည်။အေပရွန်မှအစ ဂျုံ၊ကြက်ဥနှင့်မုန့်ဖုတ်ပေါင်ဒါ စသည့် လိုအပ်သည်များကို စိတ်ရှည်ရှည်ဖြင့်ရွေးချယ်ဝယ်ယူနေလိုက်သည်။ပစ္စည်းစုံသော် အိမ်သို့အမြန်ပြန်လာကာ အေပရွန်ကောက်ဝတ်၍ ကိတ်မုန့်ဖုတ်ခြင်းလုပ်ငန်းစတင်ရတော့သည်။

ဖုန်းဆက်လှမ်းခေါ်လိုက်ခြင်းကြောင့် မင်းဟန်၊ဇေသူရနှင့် အာရုဏ်ဦးတို့မှာလည်း ခရစ္စမတ်ပွဲအတူဆင်နွှဲရန် တိုက်ခန်းသို့ရောက်လာကြသည်။သူတို့ယူလာကြသော စားစရာသောက်စရာများအား ဝိုင်းဝန်းပြင်ဆင်နေကြရင်းပင် တိုက်ခန်းအတွင်းမှာ နွေးထွေးဆူညံနေတော့သည်။

ရိုးရာသည် အနည်းငယ်ကျဥ◌်းမြောင်းသောမီးဖိုချောင်နေရာအား ပစ္စည်းအချို့ရွှေ့ပြောင်းသိမ်းဆည်းလိုက်ပြီး ကိတ်မုန့်ဖုတ်ရန်အတွက်လိုအပ်သောပါဝင်ပစ္စည်းတို့ကို စနစ်တကျနေရာချလိုက်သည်။ထို့နောက် သူသည် လက်ကိုသန့်ရှင်းစင်ကြယ်အောင်ဆေးကြောပြီး
ကိတ်မုန့်ဖုတ်ရန်စတင်ပြင်ဆင်တော့သည်။ပထမဦးစွာ ကိတ်သားအရင်ပြုလုပ်ရန်သူသည် ဂျုံမှုန့်၊မုန့်ဖုတ်ပေါင်ဒါ၊မုန့်ဖုတ်ဆိုဒါနှင့်ဆားအနည်းငယ်တို့ကိုရောမွှေထားလိုက်သည်။ပြီးလျှင် ဇလုံထဲသို့ ထောပတ်အပျော့သား၊သကြား ၃၀၀ဂရမ် ရောနယ်ရန်အတွက် မွှေစက်မရှိသည့်အခါ ရိုးရာလက်ဖြင့်ပင်နယ်ရန် အကျီစအားပင့်တင်လိုက်သည်။ထို့နောက်နူးညံ့နေသော ထောပတ်နှင့်သကြားတို့အားကြေမွအောင် လက်ဖြင့်ဖိဆုပ်နယ်ကာ သူသည် စိတ်ထဲတွင်တတ်ကြွနေသည်။ပထမဆုံးလုပ်ခဲ့ဖူးသည့် ကိတ်မုန့်ကိုပင်ပြန်သတိရရင်း ရိုးရာ ထူးခြားလန်းဆန်းသောခံစားချက်ကိုပါ ခံစားရမိလိုက်သည်။နူးညံ့မွှေးပျံ့သောထောပတ် ဂျုံမှုန့်တို့အား လက်ဖြင့် ထိတွေ့ရသောခံစားချက်သည် သစ်လွင်ခဲ့ဖူးသောငယ်ဘဝအားပြန်လည်အမှတ်ရသလိုပင်။

"ကိုကို ကျွန်တော်ဘာကူပေးရဦးမလဲဗျ"

ဧည့်ခန်းမှအပြေးလေးရောက်လာသော ဇွဲရောင်ထင် ခေါင်းပေါ်တွင် မနက်ကဦးထုပ်အနီရောင်လေးမှာနေရာယူထားတုန်းပင်ဖြစ်သည်။ဆွယ်တာအနီရောင်ရင့်ရင့်သည် ဖြူဝင်းသောအသားအရည်နှင့်ပနံသင့်လှစွာ မျက်လုံးလေးများသည် ပုံမှန်ထက်ပင်ပို၍တောက်ပနေသည်။

The Moonlit Trunk(လရောင်ပင်စည်)Место, где живут истории. Откройте их для себя