မိုးကောင်ကင်သည် တစ်စတစ်စအလင်းတို့ကင်းမဲ့လာသည်။
အလင်းရောင်အနည်းငယ်သာ ကျန်နေသော်လည်း ရက်ကွပ်လမ်းကြားလေးများမှ မီးအသီးသီးတို့ထွန်းလင်းနေကြသည်။တစ်ရှပ်ရှပ်ဖြင့် လမ်းလျှောက်လာသော မင်းဟန်အား ခွေးတစ်စုက ထိုးဟောင်သည်။
မင်းဟန်သည် ရိုးရာတို့တိုက်ခန်းကားပါကင်တွင် ကားရပ်ကာ ဇေသူရကိုလိုက်ရှာနေခြင်းဖြစ်သည်။ထိုကားပါကင်တွင်ရှာခဲ့သော်လည်းမတွေ့။ဆေးရုံမှာတုန်းက ဇွဲရောင်ထင်ဆက်သော ဇေသူရဖုန်းနံပါတ်ကိုဆက်တော့လည်းမကိုင်။
အစောဏကရိုးရာဖုန်းဆက်တော့ ဇေသူရအိမ်ကိုမေးကြည့်သော်လည်းပြန်မရောက်သေးဘူးဟုပြောသည်။ထိုကောင်လေးဘယ်များရောက်နေပါလိမ့်.....လူပုံကဖြူဖြူသေးသေးနှင့် ဆွဲပွေ့လိုက်တာနှင့် တစ်ခါတည်းပါသွားမှာဖြစ်သည်။ပြန်ပေးတွေများဆွဲသွားလေသလား
*ဝုတ် ဝုတ်*
ခွေးတို့သည် ဟောင်ဆဲဖြစ်သည်။အမှောင်ထုသည်လည်းတစ်ဖြည်းဖြည်းနက်လာသည်။မင်းဟန် ဤတိုက်ကြိုတိုက်ကြား လမ်းကြိုလမ်းကြားတို့အားပတ်နေသည်မှာ တစ်နာရီလောက်ရှိတော့မည်။ဇေသူရအရိပ်အယောင်တောင်မတွေ့
အတော်ကြာမတွေ့တော့ မင်းဟန်သည် ကားပါကင်သို့ပြန်လာခဲ့တော့သည်။ရိုးရာဖုန်းကိုဆက်ကာ အခြေအနေမထူးဘူးဟုလှမ်းပြောရသည်။မင်းဟန်သည် သက်ပြင်းချ၍ကားပေါ်တတ်ရန် တံခါးကိုဆွဲဖွင့်လိုက်သည်။လမ်းမတန်းကြီးပေါ် ပတ်ရှာမှဖြစ်တော့မည်။ဒါမှမထူးလျှင် ရဲကိုအကြောင်းကြားတာဘဲကောင်းလိမ့်မည်။
"တောက် သွား မလာနဲ့"
ဇေသူရ၏အော်သံတိုးတိုးသည်ကားပါကင်နှင့် ခပ်လှမ်းလှမ်းမှကြားလိုက်ရသည်။မင်းဟန်သည် ထိုအသံကြောင့် ကားတံခါးကိုပြန်ပိတ်ကာ အပြင်ဘက်သို့ပြေးလာခဲ့သည်။တော်တော်တိုးသောအသံကြောင့် ဘယ်က လာမှန်းခန့်မှန်းလို့မရ။ဒီနားတစ်ဝိုက်က လာတာတော့သေချာသည်
"အား အမေရေ မလာနဲ့"
ရိုးရာမောင်တိုက်၏အနောက်ဘက်မှအသံ.....
VOCÊ ESTÁ LENDO
The Moonlit Trunk(လရောင်ပင်စည်)
Romanceဆုတောင်းတွေကို မယုံပေမယ့် အမြဲဆုတောင်းဖြစ်တယ် ယုံကြည်မှုဖြင့် Gloomy~