ကျွန်းညိုရောင်ဖြင့် သေးငယ်လှပသည့် ပြောင်လက်နေကျ နှစ်ထပ်အိမ်လေးသည် ဆောင်းဒါဏ်ကြောင့် ခြောက်သွေ့နေသည်။ရိုးရာမောင်သည် ခြံဝန်းထဲမှနေ၍ အိမ်ကလေးအား မော့ကြည့်နေသည်မှာ အနည်းငယ်ကြာပြီဖြစ်သည်။"ရိုး....ပြန်ရောက်လာတာကြိုဆိုပါတယ် ခရီးသွားရတာအဆင်ပြေရဲ့လား"
လှပသည့် ဆံပင်အနီရောင်ဖြင့် မိန်းကလေးသည် သူ့ဆီသို့ ခြံထဲမှ ကျောက်စရစ်အတုံးလေးများပေါ်သို့နင်းကာလျှောက်လာသည်။
"ပြေပါတယ် မစ္စတာဟန်းနီးဝုဒ်ရော နေကောင်းလား ဂျင်နီ"
ဂျင်နီဆိုသည့် အမျိုးသမီးသည် သူမ၏ အစိမ်းရောင်မျက်လုံးများအား ရိုးရာဆီသို့ အကြည့်ပို့၍ ပြုံးကာဖြေသည်။
"ဒေါင်ဒေါင်မြည်ပါဘဲရှင်"
"ဂျင်ဂျာရော"
"သူကျောင်းမှာလေ ဒီနေ့ ကျောင်းတွေပြန်ဖွင့်ပြီ"
"အို ငါသိပြီ...."
"တစ်နှစ်အတွင်းမှာရှင်အရမ်းပြောင်းလဲသွားတာဘဲ ရိုး ဟိုမှာအချိန်ကောင်းတွေပိုင်ဆိုင်ခဲ့တယ်ထင်တယ်"
ရိုးရာသည် ဝတ်ထားသော ဘောင်းဘီအထူအပွထဲသို့ လက်ထည့်ကာ အိမ်ကိုထပ်မံမော့ကြည့်၍ ပြုံးမိသည်။
"အင်း တကယ်အံ့ဩဖို့ကောင်းတဲ့ အချိန်တွေပါဘဲ"
"ကြည့်ရတာတော့ ရှင်ကျွန်မကိုပြောစရာတွေအများကြီးရှိတဲ့ပုံဘဲ ဒီည ဒင်နာကို ကျွန်မတို့ဆီမှာဘဲလာစားပါ အမေနဲ့အဖေက ရှင့်ကိုအရမ်းတွေ့ချင်နေကြပြီ"
"ငါလာခဲ့ပါ့မယ် လက်ဆောင်တွေတော့အများကြီးမပါခဲ့ဘူး"
"အို ဒါဆို ရှင့်ကိုဒီည ကျွန်မအမေရဲ့ပန်ကိတ်မကျွေးနိုင်ဘူး"
ဂျင်နီသည် သူ့စကားကို သူရယ်နေတော့ ရိုးရာပါ လိုက်ရယ်မိသည်။စိတ်လွတ်ကိုယ်လွတ်ရယ်နေရင်းမှ လွန်ခဲ့သည့် နာရီနှစ်ဆယ်အတွင်းမှအကြောင်းအရင်းများ ပြန်အမှတ်ရမိခိုက် ရင်ဘတ်အတွင်းငြိမ်ကျသွားသည်။ဂျင်နီသည် ထိုအရာကိုရိပ်မိလိုက်သည်။
"ရှင်ခရီးပန်းလာမှာပေါ့ နားပါဦး ကျွန်မညနေမှ ဂျင်ဂျာနဲ့အတူလာခေါ်မယ်"
ВЫ ЧИТАЕТЕ
The Moonlit Trunk(လရောင်ပင်စည်)
Любовные романыဆုတောင်းတွေကို မယုံပေမယ့် အမြဲဆုတောင်းဖြစ်တယ် ယုံကြည်မှုဖြင့် Gloomy~