မနက်နေရောင်သည် သူ့ဆီသို့ ဒုတိယကြိမ်မြောက်ကျရောက်လာပြန်သည်။နှစ်ရက်ဆိုသည့်အချိန်ကုန်လွန်ပြီးခဲ့သော်လည်း ရောင်ထင်နှင့် သူ စကားကောင်းမွန်စွာမပြောရသေးပေ။သိသာစွာ ရှောင်ဖယ်နေသောရောင်ထင့်ကြောင့် ရိုးရာ အနေပင်ကြပ်လာသည်။မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆယ်ရက်သာလိုတော့သည်။
"မင်းဘာလိုသေးလဲ"
"မလိုတော့ပါဘူး ဖြစ်နိုင်ရင်တော့ အရင်အိမ်မှာဘဲနေချင်တယ် မသွားခင်တစ်လျှောက်လုံး"
မင်းဟန် ခေါင်းညိမ့်ကာ ရိုးရာလက်မှတ်ထိုးရမည့် စာရွက်စာတမ်းများ ပြန်စီစစ်နေလိုက်သည်။အပြင်မှာ လုံခြုံသွားပြီဖြစ်သောကြောင့် သူများအိမ်တွင်လည်း နေစရာအကြောင်းမရှိတော့။မင်းဟန် အနည်းငယ်ဟထားသော အခန်းအပြင်ဘက်ကို မသိမသာစွေကြည့်လိုက်မိသည်။ဇွဲရောင်ထင်
၏အရိပ်ပင်မတွေ့။သူတို့နှစ်ယောက်ကြားစစ်အေးတိုက်ပွဲနွှဲနေသည်ကိုတော့ ရိပ်မိပါသည်။အဲ့ကောင်လေး ရစ်သီရစ်သီလာလုပ်ပုံမထောက်ရင် ပေါ့သေးသေးစကားများတာမျိုးတော့ ဟုတ်မည်မထင်။"ဒါဆို မနက်ဖြန်ငါလာခေါ်ရမလား"
"ဒီနေ့ဘဲ ပြန်ချင်တယ်"
မင်းဟန် မျက်ခုံးများပင့်တက်သွားသည်။
"ချက်ချင်းလား"
"အင်း ငါပစ္စည်းတွေသိမ်းလိုက်ဦးမယ် မင်းကားပေါ်မှာစောင့်နေမလား"
"အိုကေလေ ဘာသယ်သွားပေးရဦးမလဲ"
"ငါ့လက်ဆွဲအိတ်လေး ယူသွားပေးမလား"
"ကောင်းပြီ"
မင်းဟန် လှေကားပေါ်မှဆင်းသွားသံကြားလိုက်ရပြီး ရိုးရာ ကုတ်တစ်ထည်ကိုအပေါ်မှ ခြုံဝတ်လိုက်သည်။စိမ်းဖန့်ဖန့်အခန်းသည် ညနေပိုင်းဖြစ်သောကြောင့် အစိမ်းရင့်ဘက်သို့ ကူးပြောင်းနေသည်။သူသည် လိုအပ်သည့် ဆေးပစ္စည်းများနှင့် အဝတ်တစ်ချို့ကို သားရေအိတ်တစ်လုံးထဲထည့်ကာ ထွက်သွားရန်ပြင်လိုက်သည်။အခန်းအတွင်းမှ တံခါးဝသို့ လျှောက်လာခဲ့ကာ ပန်းချီများဘေးနားအရောက်ဖျတ်ခနဲလှည့်ကြည့်မိပြန်သည်။လှပအသက်ဝင်သည့် ရေဆေးပန်းချီများကိုကြည့်၍ ရိုးရာ သက်ပြင်းရှည်ရှည်ချမိသည်။
ESTÁS LEYENDO
The Moonlit Trunk(လရောင်ပင်စည်)
Romanceဆုတောင်းတွေကို မယုံပေမယ့် အမြဲဆုတောင်းဖြစ်တယ် ယုံကြည်မှုဖြင့် Gloomy~