သူ့မျက်လုံးများကိုဖြေးညင်းစွာဖွင့်လိုက်သည်။ပထမဆုံးမြင်ရသည်က ဖြူစွတ်နေသော မျက်နှာကြက်တစ်ခု။အသားမကျသော အလင်းရောင်သည် မျက်လုံးများကိုစူး၍ကျိန်းသွားသည်။သူ့တစ်ကိုယ်လုံးနာကျင်ကိုက်ခဲကာ တဆစ်ဆစ်နှင့်ထုံနေသည်။မရင်းနှီးသောပိုးသတ်ဆေးအနံ့သည် နှာခေါင်းထဲသို့တိုးဝင်လာသည်နှင့် ခေါင်းတွေကကိုက်လာသည်။သေချာတာတော့ဒါသည်ဆေးရုံတစ်ခုဖြစ်လိမ့်မည်။မပြေသေးသောကြောက်စိတ်ကြောင့် သူသည် မထသေးဘဲ စောင်ကို တစ်ကိုယ်လုံးတင်းနေအောင်ဆွဲခြုံလိုက်သည်။အနီးအနားရှိ ကုတင်များမှ စကားသံများကိုတိုးဖျဖျကြားနေရသည်။
"ကလေး နိုးပြီလား ဒေါက်တာ ဒီကလေးနိုးပြီရှင့်"
သူနာပြုဆရာမသည် သူ့အားအဖျားတိုင်း သွေးပေါင်ချိန်နေရင်းပင် ဆရာဝန်ရောက်လာသည်။နှလုံးခုန်နှုန်းစမ်း မျက်ဆံတွေစစ်သည်။ဖြူဖြူအရည်တွေအား သူ့အသားထဲသို့ပိုက်မှတစ်ဆင့်သွင်းနေသည်ကိုမြင်ရသည်။
"အနာတွေကိုဆေးထည့်ပေးလိုက်ပါ ဆရာမ ပြီးတော့ အကိုက်အခဲပျောက်ဆေးတစ်လုံးလောက်ထိုးပေးလိုက်"
သူသည် မျက်လုံးမှေးမှေးဖြင့်သာဆရာဝန်ကိုကြည့်လိုက်သည်။အသက်ကြီးကြီး ရင်းနှီးနေပြီဖြစ်သော ထိုဆရာဝန်သည် အသက် ၁၄ အရွယ် ရိုးရာမောင်အား ဂရုဏာသက်စွာကြည့်၍ သက်ပြင်းချကာလှည့်ထွက်သွားသည်။ရိုးရာသည် ဝဲတတ်လာသော မျက်ရည်စတို့ကိုပြုတ်မကျအောင် မျက်တောင်ကို အသည်းအသန်ခတ်နေသည်။သူ့အားသနားစရာတစ်ခုဖွယ်ကြည့်နေသော သူနာပြုဆရာမသည်လည်း တစ်ချက်မျှကြည့်၍ထွက်သွားတော့သည်။သူနာပြုထွက်သွားသည်နှင့် ဘေးရှိကုတင်များမှလူများ၏တီးတိုးစကားသံများသည် အနည်းငယ်ကျယ်လောင်လာသည်။
"သူ့အမေကိုမြင်လိုက်တယ် လှချက်ဆိုတာ ပိုက်ဆံလည်းရှိမယ့်ပုံတော်"
"ဒါဆိုဒီကလေးကအိမ်ဖော်သားမဟုတ်ရင် လင်ပါသားတို့ မွေးစားသားတို့ဘဲဖြစ်လိမ့်မယ်"
"ဟုတ်ပါ့ ဘယ်မိဘကကိုယ့်သားသမီးအရင်းကိုဒီလောက်ထိလုပ်မလဲ"
ESTÁS LEYENDO
The Moonlit Trunk(လရောင်ပင်စည်)
Romanceဆုတောင်းတွေကို မယုံပေမယ့် အမြဲဆုတောင်းဖြစ်တယ် ယုံကြည်မှုဖြင့် Gloomy~